CH-19

2.1K 280 7
                                    

[Unicode]

ကော်ဖီဆိုင်တစ်ဆိုင်၌ လုယန်နှင့် ဝမ်ယွမ်ကျန်းတို့က မျက်နှာချင်းဆိုင်ထိုင်ကာ နေ့လည်စာစားနေခဲ့ကြ၏။

"လုယန်... မင်းတကယ်​စဉ်းစားပြီးပြီလား?" ဝမ်ယွမ်ကျန်းက ငရုတ်သီးပုလင်းအဖုံးကို ဖွင့်လိုက်လေသည်။ သူက စီချွမ်ဇာတိဖြစ်၍ အစပ်မရှိဘဲ မနေနိုင်သဖြင့် သူ့အမေလုပ်ပေးထားတဲ့ ငရုတ်ဆော့စ်တစ်ပုလင်းကို ယူလာရ၏။

အချို့ဟင်းလျာတွေဟာ ငရုတ်သီးပါကိုပါရမှာကွာ။

လုယန်က ပြောလာခဲ့၏။ ​"မင်းငါ့ကို မျှပေးဦး၊ အနာဂတ်မှာလည်း ငါငရုတ်သီးကို စစားတော့မှာ" ကျောင်းသောင်မှ လူတစ်ယောက်အနေနှင့် အရင်က သူအစပ်မစားခဲ့ပေ။

ယခုအခါ သူက ငရုတ်သီးလေးနဲ့ အိမ်ထောင်ပြုလိုက်ပြီမို့ ငရုတ်သီးကို စမ်းစားကြည့်ရမှာပေါ့။

ဝမ်ယွမ်ကျန်းက သူ့အတွက် ငရုတ်ဆော့စ် ဇွန်းသေးသေးလေးတစ်ဇွန်းစာကို ခပ်ထည့်ပေးလိုက်၏။ သူ့အမေလုပ်ထားတဲ့ ငရုတ်ဆော့စ်ဟာ နာနတ်ပွင့်နှင့် ပန်းငရုတ် စသဖြင့် ဟင်းခတ်အမွှေးအကြိုင်များ ပေါင်းထည့်ထားပြီး အထူးပြုလုပ်ထားခြင်းပင်။ ယင်းက အရသာလည်းစပ်သလို အနံ့လည်းမွှေးလေရာ ငရုတ်သီးအနီကလည်း အတော်လေးစပ်လေသည်။

ငရုတ်ဆော့စ်တွင် နာနတ်ပွင့်အနည်းငယ်​ပါ၍ ထူးထူးဆန်းဆန်း အချိုအရသာကို ရောနှောခံစားနိုင်သလို အရသာအရမ်းရှိကာ သူ့အကြိုက်နှင့်ကိုက်ညီသဖြင့် အနှီငရုတ်ဆော့စ်နှင့်ဆိုပါက ထမင်းပန်းကန်အများကြီး သူစားနိုင်ပေသည်။

လုယန်က ဘန်းမုန့်ပေါင်းကို ပွင့်ဟအောင် ဆွဲဖြဲလိုက်ပြီး ငရုတ်ဆော့စ်နည်းနည်းထည့်လိုက်ကာ သူ့ပါးစပ်ထဲတွင် နှစ်ကြိမ်ခန့် ဝါးကြည့်ပြီးနောက် စကားမပြောနိုင်ဖြစ်သွားရ၏။

ဝမ်ယွမ်ကျန်းသည် သူ့မျက်နှာကို မြင်လိုက်သည်နှင့် သူတအားစပ်သွားသည်ကို သိလိုက်ပြီး စိတ်ထဲမှာ အော်ရယ်နေခဲ့လေသည်။

"မင်းကိုကြည့်စမ်း၊ အနာဂတ်မှာတော့ မင်းရဲ့အစားအသောက်နဲ့ပတ်သက်ပြီး ပြဿနာရှိမှာ သေချာတယ်ကွာ"

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now