CH-49

1.7K 248 0
                                    

Unicode

ဝူမင် မပြောင်းရွှေ့လာခင်မှာ သူမဟာ နိုင်ငံပိုင်မူကြိုကျောင်းအတော်များများကို သွားရောက်လေ့လာခဲ့ပြီးဖြစ်သလို သူမ မူကြိုကျောင်းအုပ်အဖြစ် လုချန်သို့ ပြောင်းရွှေ့ခံခဲ့ရချိန်တွင် သူမကိုယ်၌က ပြန်လည်ဖွဲ့စည်းရန်အတွက် စိတ်ပိုင်းဖြတ်ထားခဲ့ပြီးဖြစ်သည်။

ကလေးတွေဟာ အမိမြေရဲ့ အသီးအပွင့်လေးတွေဖြစ်တာမို့ ကလေးတွေရဲ့ အစောပိုင်းပညာရေးကို လျစ်လျူမရှုသင့်ဘူးလေ...

"မင်းက သိပ်တာဝန်မဲ့တာပဲ!" ဝူမင်က ကျိုးယွီဟွာ စူးစိုက်ကြည့်လျက်။ ဤအမျိုးသမီးကို သူမ အဓိကအာရုံစိုက်ထားရ၏။ ကျိုးယွီဟွာသည် ပျင်းရိတတ်သလို ကလေးများကို လျစ်လျူရှုတတ်ကြောင်း အကြိမ်ပေါင်းများစွာ သူမ ရှာဖွေတွေ့ရှိခဲ့သည့်အပြင် သူမက ချောမောလှပသော အမျိုးသမီးများကိုလည်း ဟာသလုပ်ရတာ ကြိုက်သေးသည်။ 

"ကလေးတစ်ခုခုဖြစ်သွားခဲ့ရင် မင်းဘာလုပ်မလဲ?! မင်းအတန်းထဲ ပြန်သွားဖို့ ငါ့နောက်လိုက်ခဲ့..."

ကျိုးယွီဟွာသည် သူမဆီမှ အကြိမ်ပေါင်းများစွာ ဆူပူကြိမ်းမောင်းခံခဲ့သဖြင့် သူမက ဝူမင်ရဲ့ စကားတွေကို လစ်လျူရှုထားတတ်သည်။ ဒီအဖွားကြီးက သူမနဲ့ ပေါင်းသင်းလို့မှမရဘဲ...

သူမရဲ့ အမြင်အရ သုံး၊လေးနှစ်အရွယ် ကလေးတွေက ဘာသိမှာတုန်း? ကျေးလက်ဒေသက ဒီအရွယ်ကလေးတွေဆို တောင်ပေါ်မှာ ပြေးလွှားဆော့ကစားတတ်ကြပြီး ဘယ်သူကမှ ထိန်းနေစရာမလိုပေ။ မိဘတွေကလည်း အကြီးလေးတွေရော အငယ်လေးတွေကိုပါ မထိန်းကြတော့။ သူတို့လေးတွေကရော ဘယ်မူကြိုများ တက်ဖို့လိုနေလို့လဲ၊ ပြီးတော့ ဘာတွေများဖြစ်နိုင်မှာလဲ?

ကျိုးယွီဟွာက ဝူမင်အနောက်မှ အတန်း၃ဆီ လိုက်သွားခဲ့သည်။ သူမဘာသာ ညည်းညူနေရင်း အတန်း၃ တံခါးဝဆီသို့ လျှောက်လာလိုက်၏။

အဲ့ဒီပြုစားတတ်တဲ့အမျိုးသမီးတွေအားလုံးဟာ ချောမောလှပကြသလို ယောကျ်ားတွေကိုလည်း ချော့တတ်ကြပေမယ့် ဝက်ဝံကလေးတွေနဲ့ ရင်ဆိုင်ရသည့်အခါ သူတို့ရဲ့ အရုပ်ဆိုးတဲ့မျက်နှာ ပြလာကြလိမ့်မှာပဲလို့ သူမဘာသာ တွေးနေမိလျက်။

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Hikayelerin yaşadığı yer. Şimdi keşfedin