CH-51

1.7K 228 1
                                    

Unicode

ရွာထဲက အဒေါ်တစ်ယောက်က အနက်ရောင်ငါးဟာ အရသာရှိကြောင်း၊ ရွာရှိ နှစ်သစ်ကူးပွဲတော်မှာ သူတို့ စားကြသည်ဖြစ်ကြောင်းကို သူမအား ပြောပြခဲ့လေသည်။ ထို့ကြောင့် ချင်းရို့လည်း နာမည်ကို နောက်မှမေးကြည့်ရန် စဥ်းစားထားလိုက်၏။

နေ့ခင်း၌ ချင်းရို့ အိမ်တွင် တစ်ယောက်တည်း ရှိနေသဖြင့် ရေခဲသေတ္တာထဲက ရေဘဝဲနှစ်ကောင်ကို အုန်းဆီနဲ့ ကြော်စားလိုက်သည်။

သူမဆီမှာ ကြက်သွန်နီလည်း မရှိသဖြင့် ရေဘဝဲကို ချင်းနဲ့ကြက်သွန်ဖြူ ထည့်ကာ ခဏနှပ်ထားလိုက်ပြီးမှ ဒယ်အိုးထဲမှာ တိုက်ရိုက်ကြော်ပစ်လိုက်လေသည်။

အုန်းဆီအရည်အသွေးကြောင့်လား ဒါမှမဟုတ် သူမရဲ့ ဟင်းချက်စကေးကြောင့်ပဲလား မသိပါချေ၊ ဆီအရမ်းပေါက်တာပဲ!!!

ချင်းရို့ သူမပါးစပ်နဲ့ နှာခေါင်းကို မျက်နှာသုတ်ပုဝါနဲ့ ဖုံးကာလိုက်ရင်း အပြုတ် အပေါင်းတွေကမှ ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲလို့ တွေးမိလျက်။

ပန်းကန်ထဲတွင် ရေဘဝဲကြော်ကို ထည့်လိုက်ကာ အဒေါ်ကြီးတစ်ချို့ပေးလိုက်တဲ့ kumquatသေးသေးလေးတွေကို ရေဆေးပြီး လှီးဖြတ်ကာ ရေဘဝဲကြော်ပေါ်မှာ အရည်ညစ်လိုက်လေ၏။

ချိုချိုချဥ်ချဉ်လေးနဲ့ အရသာရှိလိုက်တာ!

ချင်းရို့ တစ်ကိုက်ကိုက်လိုက်သည်နှင့် ရေဘဝဲကြော်မှာ ကြွပ်ရွနေကာ မွှေးပျံ့နေလျက်။ ဟင်းလျာပေါ်မှာ kumquatအရည်ညစ်လိုက်သည်က ပို၍ကောင်းသွားစေ၏။ kumquatကို ဒီအတိုင်းသက်သက်စားပါက အရည်မှာ ချဥ်လွန်းသော်လည်း ရေဘဝဲကြောိအပေါ်ရောက်သွားတော့ ချိုချိုချဥ်ချဥ်လေး ဖြစ်သွားလေပြီ။

ဒီလိုချိုချဉ်တဲ့အရသာလေးကြောင့် ဟင်းလျာကို ပူတယ်လို့တောင် မခံစားမိတော့ပါချေ။

kumquat စိုက်ပျိုးချင်သည့်ဆန္ဒမှာ အနည်းငယ် ပိုပြင်းပြလာချေပြီ!!

အရမ်းအရသာရှိတာပဲ!

လုယန် ပြန်လာတဲ့အခါ မြည်းစမ်းကြည့်ခိုင်းပါဦးမယ်။

ချင်းရို့ ကျန်နေသေးတဲ့ အစိမ်းရောင် kumquatသေးသေးလေး ​၆လုံး၊ ၇လုံးကို အအေးခန်းထဲမှာ အေးခဲထားလိုက်ကာ သူမအတွက် ၃လုံး၊ ၄လုံးကို လက်ဖက်ရည် လုပ်ရန် ဖယ်ထားလိုက်၏။ kumquatတွေကို ထက်ခြမ်းပိုင်းကာ သကြားနည်းနည်း ထည့်လိုက်သည်။

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now