CH-47

1.4K 206 1
                                    

[Unicode]

လုယန်က သူမကို မနှိုးဘဲ မနက်စောစော ထွက်သွားခဲ့သည်။ မနေ့ညက လုယန် ဘန်းမုန့်ပေါင်းအများအပြားကို ပြုလုပ်ထားခဲ့ပြီး ရေခဲသေတ္တာထဲမှာ အေးခဲထားခဲ့၏။

ချင်းရို့ စိတ်ပျော့နေသဖြင့် သူဘန်းမုန့်ပေါင်းတွေ လုပ်နေတာကို မတားတော့ဘဲ ကလေးတွေအတွက် ဝယ်ထားခဲ့သည့် နို့မှုန့်တစ်အိတ်ကိုတောင် ထုတ်ပေးလိုက်သည့်အပြင် သကြားပါ ပေးလိုက်သေးသည်။

ပြောစရာမလိုအောင်ပင် လုယန် လုပ်ထားတဲ့ ဘန်းမုန့်ပေါင်းတွေက တကယ့်ကို အရသာရှိလေ၏။ ပထမတော့ ဘန်းမုန့်တွေက ခပ်ပေါ့ပေါ့နဲ့ အရသာမရှိလောက်ဘူးလို့ သူမ ထင်ခဲ့မိသော်ငြား စားပြီးသွားမှသာ အရမ်းကောင်းနေမှန်း သူမသိလိုက်ရပေသည်။

ချင်းရို့ အရင်တုန်းက ဒီလိုဘန်းမုန့်ပေါင်းမျိုးကို တခါမှ မစားခဲ့ဖူးပေ။ သူမ စားဖူးသမျှ ဘန်းမုန့်ပေါင်းတွေဟာ အတော်လေး နူးညံ့သလို အားနဲ့ဖိညှစ်လိုက်ပါက ကြေမွသွားနိုင်ပြီး အရသာလည်း ချိုပေသည်။ လူတွေက သာမန်ဘန်းမုန့်ပေါင်းဖြူဖြူတွေကို မကြိုက်ကြပါချေ။ ဒီလိုဘန်းမုန့်ပေါင်းဖြူဖြူကြီးတွေကို တွေ့နိုင်ဖို့ရာလည်း ရှားပါးလှပေသည်။

လုယန်၏ ဘန်းမုန့်ပေါင်းတွေက အရသာရှိပေမယ့် ချင်းရို့ကတော့ သူလုပ်ထားတဲ့ ဘန်းမုန့်ပေါင်းချိုချိုလေးတွေကိုလည်း မြည်းကြည့်ချင်နေဆဲ။

ထိုအခိုက်အတန့်ဝယ် လုယန် မျက်မှောင်ကြုတ်နေလျက်။

သကြားနဲ့ နို့မှုန့်ထည့်လိုက်ရင်... ဒီဘန်းမုန့်က စားလို့ရပါဦးမလား?

- ဒါပေါ့ ရတာပေါ့!

ချင်းရို့၏တောင်းဆိုချက်အရ လုယန်လည်း နို့မှုန့်နှင့် သကြားထည့်ထားသော ဘန်းမုန့်ပေါင်း အနည်းငယ် ပြုလုပ်ပေးခဲ့၏။ အများကြီးမဟုတ်ပါဘူး - ၅ခု ၆ခုလောက်ပါပဲ။ အကြောင်းသည်ကား လုယန်က ဘန်းမုန့်ပေါင်းတွေအားလုံးထဲကို သကြားမထည့်ချင်သောကြောင့်သာ။

တွေးကြည့်ရုံနဲ့ ကြောက်စရာကောင်းလိုက်တာ!

ချင်းရို့ အိပ်ရာထကာ ဘန်းမုန့်ပေါင်းသုံးခုနဲ့ ဟင်းရွက်ချဥ်တစ်ပန်းကန်ကို နွေးထားလိုက်ပြီးမှ ကလေးတွေကို မနက်စာစားဖို့ ခေါ်လိုက်သည်။ သူမက ကလေးတွေအတွက် အပိုကြက်ဥနှစ်လုံး ပြုတ်ထားကာ နို့မှုန့်တစ်ခွက်စီ လုပ်ထားခဲ့သည်။

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now