CH-82

1K 177 3
                                    

Unicode

သူ ထပ်ပြီးတော့ ကောင်းကောင်းမပြုမူရင်တော့ ဒီဝက်ဝံကလေးကိုရိုက်ဖို့ ဒလိမ့်တုံးကို မီးဖိုချောင်မှာ သူမ သွားယူမိတော့မှာပဲ။

"ဒီည ဖက်ထုပ်စားရအောင်လေ"

"ကိုယ့်ဇနီးလေးကို သတင်းပို့ပါတယ်၊ ကိုယ် ပင်လယ်စာတွေ မစားချင်ဘူး"

"စိတ်မပူပါနဲ့၊ ကြက်သွန်မြိတ်နဲ့ ဝက်သားအစာသွပ်ပြီး စားကြမယ်လေ"

သူ ပင်လယ်ထဲမှာ အကြာကြီးနေခဲ့ရတာဆိုတော့ ပင်လယ်စာတွေကို ကြည့်နေရင်းနဲ့တောင် သူ့အစာအိမ် မအီမသာဖြစ်သလို ခံစားနေရမှာပဲ။ သူမ သူ့ကို နားလည်တာမို့ ဒီနေ့တော့ ဝက်သားဖက်ထုပ်ကို စားကြမှာလေ။

လုယန် ရေချိုးပြီးထွက်လာချိန်တွင် ချင်းရို့က အစာသွပ်ဖို့ အသားတွေကို လှီးဖြတ်ကာ အရသာနယ်နေခဲ့၏။ လုယန်က မုန့်ညက်ပန်းကန်ကို တွန်းလိုက်ကာ သူမကို အနောက်ကနေဖက်ထားလျက် နှစ်ယောက်အတူတူ မုန့်ညက်ကို ဆုပ်နယ်နေကြတော့သည်။

မုန့်ညက်နယ်နေသူမှာ လုယန်ဖြစ်ရာ ချင်းရို့ကတော့ သူနဲ့အတူ ပူးပေါင်းပေးရုံသာ။

လုယန်ကတော့ အလုပ်နှစ်ခုကို ပြိုင်တူလုပ်နေလျက် - မုန့်ညက်နယ်နေရင်း သူမကို နမ်းနေ​ခြင်းပင်။ နာခံမှုမရှိတဲ့ မောင်ငယ်လေး တိတ်တဆိတ် ထွက်ပေါ်လာလေပြီ။

သူတို့နှစ်ယောက် မတွေ့ရတာ ကြာနေပြီဖြစ်၍ ချင်းရို့လည်း သူ့သဘောအတိုင်းသာ။

"ဇနီးလေး တခြားဘာမှမစားတော့ဘူး။ ကိုယ် ကမာဟင်းစားချင်တယ်၊ ဇနီးလေး ကမာဟင်းလုပ်ကြရအောင်လေ"

ချင်းရို့က ခေါင်းလှည့်လာကာ သူ့ကို ပြုံးပြလိုက်ပြီး သူမရဲ့ ဂျုံမှုန့်စွန်းနေတဲ့လက်ဖြင့် သူ့ရဲ့ ချောမောတဲ့မျက်နှာပေါ်မှာ အမှတ်အသားနှစ်ခု ချန်ထားလိုက်၏။

သူမဘာသာ တွေးနေမိလျက် - အရူးကြီးရေ ရှင် မစားတာ ပိုကောင်းမယ်နော်။

သူမရဲ့ b-ultrasound ပါတဲ့ ဖိုင်အိတ်ကို အိပ်ရာဘေးက စားပွဲပေါ်မှာ တင်ထားခဲ့သည်။ ဒီလူ ဖွင့်ဖောက်ဖတ်ပြီးတဲ့နောက် ဇာတ်သိမ်းက အနည်းငယ် ဝမ်းနည်းဖွယ်ကောင်းနိုင်လေရဲ့။

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now