CH-15

2.7K 306 0
                                    

[UNICODE]

"ငါက လက်ထပ်ခွင့်လျှောက်လွှာ တင်ပြီးပြီ"

ဝမ်ယွမ်ကျန်းသည် သူ့စကားကြောင့် အလွန်ထိတ်လန့်သွားရကာ အချိန်အကြာကြီး အသံမထွက်နိုင်ဘဲ "ရဲဘော်လု မင်းနောက်နေတာလား? ဒါမရယ်ရဘူးနော်။"

လူတိုင်းက အကဲဖြတ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းကိစ္စရပ်တို့နှင့် အလုပ်များနေကြကာ ၅ရက်လောက်အချိန်ယူခဲ့ရသော်လည်း ဒီလူက ရုတ်တရက်ကြီး သူလက်ထပ်ခွင့်လျှောက်လွှာတင်ပြီးပြီလို့ ပြောလာ၏။

သူက နောက်ကျမှ စတင်ဒိတ်လုပ်ခဲ့ရင်တောင် ဒီလောက်အစောကြီး လက်ထပ်မှာမဟုတ်ဘူးလေ။ 

လုယန်က အေးဆေးတည်ငြိမ်စွာဖြင့် ပြောလာခဲ့သည်။ "မနောက်ပါဘူး၊ သူမက အနုပညာအဖွဲ့မှာ သီချင်းဆိုတာလေ"

သူမက အရမ်းလှပတယ်၊ အသံလည်းကောင်းတယ်၊ သူမရဲ့မျက်လုံးတွေက သူ့စိတ်ဝိညာဉ်ကို ဆုံးရှုံးသွားစေတဲ့အထိ စွဲမက်ဖွယ်ကောင်းတယ်၊ သူမလေးငိုတဲ့ပုံစံကလည်း ပိုလို့တောင် စိတ်ဝင်စားဖို့ကောင်းနေ......

ဟုတ်တာပေါ့... ဒီအကြောင်းတွေကိုတော့ အပြင်လူတွေကို ပြောစရာမလိုပါဘူးလေ။

"ဘယ်နှစ်ခါတွေ့ပြီးပြီလဲ?"

"တစ်ခါ"

"မင်း... မင်း တစ်ခါပဲတွေ့ဖူးတာကို လက်ထပ်တော့မယ်? မင်းဘာပြောလိုက်တာလဲ? သူမက ဘယ်လိုမိန်းမမျိုးလဲ မင်းသိပြီလား? အနာဂတ်မှာ သူမက မိသားစုကို ကောင်းကောင်းစောင့်ရှောက်နိုင်မလားဆိုတာရော မင်းသေချာရဲ့လား?"

"အိမ်ထောင်ရေးဆိုတာ တစ်သက်လုံးအတွက် ကိစ္စတစ်ခုနော်။ မင်းဘယ်လိုလုပ် ဒီလိုပေါ့ပေါ့လေးလုပ်နေရတာလဲကွာ?! ငါတို့က မကြာခင် ချုံကျိူးကျွန်းကိုသွားရတော့မှာ၊ သူမကရော မင်းနဲ့အတူ လိုက်နိုင်လိမ့်မယ်လို့ မင်းထင်နေတာလား? သူမက အိမ်ကနေ မိုင်ပေါင်း၃၀၀၀လောက်ဝေးတဲ့ ချုံကျိုးကျွန်းလိုနေရာကို ဘာလို့ သွားချင်နေမှာတုန်း?"

ဝမ်ယွမ်ကျန်းသည် ရှောင်းမာကို သူနှင့်အတူ ချုံကျိုးကျွန်းသို့သွားရန် ဆန္ဒရှိမရှိ အကြိမ်ကြိမ် မေးမြန်းခဲ့ပြီးပြီ။ အစတုန်းကတော့ သူမက ဆန္ဒရှိပေမယ့်လည်း နောက်ပိုင်းတွင် တိကျတဲ့အခြေအနေကို နားလည်လာသည့်အခါ သဘောမတူတော့ချေ။

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now