CH-66

1.7K 242 0
                                    

[Unicode]

ဟွမ်ရှင်းရင် သူမကို တကယ်ပဲ ထွင်းဖောက်မမြင်နိုင်ပေ။

သူမကို ပျင်းတယ်လို့ ပြောရအောင်လည်း ပျင်းသည်မဟုတ်။ လက်ဖက်ရည်သောက်၊ အဆာပြေမုန့်တွေစား၊ စာအုပ်တွေဖတ်၊ ကြက်တွေမွေးပြီး ခြံထဲမှာ ဟင်းသီးဟင်းရွက်တွေ စိုက်တယ်၊ ဒါမှမဟုတ် အိမ်သန့်ရှင်းရေးလုပ်တယ်လေ။ ဒါပေမဲ့ သူမ မပျင်းဘူးလို့ ပြောဖို့ကလည်း မဟုတ်ပြန်ဘူး၊ တစ်နေကုန် လက်ဖက်ရည်ထိုင်သောက်ပြီး အဆာပြေတွေစားနေတဲ့ အမျိုးသမီးကို ဟွမ်ရှင်းရင် တစ်ခါမျှမတွေ့ဖူးပါချေ။

သူမက ခြံထဲတွင် ကောက်ရိုးထီးရှိတဲ့နေရာလေးကို အထူးနှစ်ခြိုက်ပုံရသည်။ မကြာမကြာ ထိုထီးအောက်မှာပဲ နေ့လည်စာ စားလေ့ရှိ၏။ တစ်ခါက ဟွမ်ရှင်းရင် တစ်ချက်လှမ်းကြည့်ချိန် မွန်းတည့်ချိန်၌ ချင်းရို့ဟာ ပုစွန်ဖက်ထုပ်ပေါင်း နှစ်ခု သုံးခု၊ ထူးဆန်းတဲ့ ကောက်ညှင်းထုပ်နဲ့ ငါးပေါင်းတစ်ပွဲ၊ ရှာလကာရည်နဲ့ကြော်ထားတဲ့ ပဲပင်ပေါက်ကြော်တို့ကို စားနေခဲ့သည်။

နေ့ခင်းဘက်တွင် ဟွမ်ရှင်းရင်က တစ်ရေးတစ်မောအိပ်ပြီးနောက် အပြင်ထွက်လာချိန်မှာလည်း သူမက လက်ဖက်ရည်သောက်နေရင်း ပုစွန်ဖက်ထုပ်ပေါင်းနဲ့ အုန်းသီးကိတ်မုန့်တွေကို စားနေတာကို တွေ့လိုက်ရပြန်သည်။

သူမက အကြိမ်တိုင်း အရမ်းကိုနည်းနည်းလေးပဲစားနေပေမယ့် တစ်ချိန်လုံး စားနေပုံရတယ်။

နောက်ပြီး လက်ဖက်ရည်လည်း သောက်နေသေးတယ်။

ဟွမ်ရှင်းရင်: "…"

သူမရဲ့ ယောက်ျားက သူမကို လုံးဝမထိန်းချုပ်ဘူးလားဟ???!!

အိုး... သူပြန်လာတော့လည်း သူမကို မထိန်းချုပ်ဘူးပဲ။

ထိုစစ်အရာရှိငယ်လေးဟာလည်း ထူးဆန်းတဲ့ လူတစ်ယောက်ပင်။

လုယန်က ဒေါသကြီးပြီး ဆက်ဆံရခက်တဲ့ လူဖြစ်တယ်လို့ သူမကြားဖူးထားပေမယ့် ဒီလူဟာလည်း အလှတရားကြောင့် မျက်စိကန်းသွားချေပြီ။

ဒီအကြောင်းရင်းကလွဲပြီးတော့ သူမလည်း တခြားအကြောင်းရင်းကို မစဉ်းစားနိုင်တော့ဘူးလေ။

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now