CH-79

898 146 1
                                    

Unicode

နေမင်းကြီးဟာ တောက်ပစွာ ထွန်းလင်းနေပြီး ကောင်းကင်ယံတွင် တိမ်ဖြူဖြူတွေ အစုလိုက်အပုံလိုက် စုပေါင်းနေသည်မှာ လွန်စွာလှပနေ၏။ လေထုထဲမှာလည်း ပန်းရနံ့တို့ဖြင့် သင်းပျံ့နေသလို အကိုင်းအခက် သစ်ရွက်စိမ်းစိမ်းတို့လည်း စိမ်းလန်းစိုပြေနေလေသည်။ ဤကဲ့သို့သောမြင်ကွင်းမျိုးကို ဒီလိုအချိန်အခါမျိုးမှာ မြင်နေရတာဟာ မယုံနိုင်စရာကောင်းလှသည်။

အောက်တိုဘာလနှောင်းပိုင်းတွင် ချုံကျိုးကျွန်းမှာ တိုင်ဖွန်းမုန်တိုင်းများ ကင်းစင်သော အချိန်အခါကောင်းဆီသို့ ဝင်ရောက်ခဲ့ချေပြီ။

ဟွမ်ရှင်းရင် ဒုတိယထပ်ရှိ လှေကားထစ်ပေါ်တွင်ရပ်၍ အဝေးမှ ရှုခင်းတွေကို ရှုစားနေလျက်။ ထို့နောက် သူမက ဘေးခြံကို တစ်ချက်ခိုးကြည့်လိုက်ရာ ဘေးအိမ်က ခြံငယ်လေးမှာ လှပနေဆဲဖြစ်သော်ငြား ဘယ်လိုမှကြည့်လို့အဆင်မပြေတဲ့လူတစ်ယောက်ရှိနေလေရဲ့။

ရှောင်ချာကျင်းက ဒီရက်ပိုင်း အိမ်မှာမရှိဘူးပဲ။

ကောက်ရိုးထီးအောက်၌ ချင်းရို့ ထိုင်နေကျနေရာလေးမှာ မှိုခေါင်းတစ်လုံးရှိနေခဲ့ပြီး ထိုသူဟာ စာရေးကာ ပုံဆွဲနေခဲ့သည်။

(ဟွားဟွား??)

တကယ့်ကို စိတ်အနှောက်အယှက်ဖြစ်ရသလို အဆင်မ​ပြေဘူး။

တစ်နေ့တာရဲ့ ကောင်းမွန်နေတဲ့စိတ်အခြေအနေလေးမှာ ပျောက်ကွယ်သွားရပြီ။

ရှောင်ချာကျင်းလေး အိမ်မှာရှိနေတာက ပိုကောင်းပါတယ်လေ။

ဟွမ်ရှင်းရင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ့ခင်ပွန်း ပြန်လာတဲ့အခါမှာတော့ မပြောဘဲမနေနိုင်တော့ပေ။ "ဘေးအိမ်က အိမ်နီးချင်းက အပြင်ထွက်သွားတာ၊ ဘာလို့ ကျွန်မကို သူ့ခြံကို စောင့်ရှောက်စေဖို့ ခွင့်မပြုရတာလဲ?" 

ရှောင်ချာကျင်းက အဝေးရောက်နေတာမဟုတ်ဘူးလား?

နောက်ပြီးတော့ သူမက သူမရဲ့ အိမ်နီးချင်းဆိုတာ အသိသာကြီးလေ။

မကြာသေးမီက လုယန် အိမ်မှာမရှိသည်မို့ ကျန်းချန်ပေ့လည်း ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့ရသလို ပြန်လည်စိတ်သက်သာရာရနေမိ၏။ လုယန်ရှိနေတုန်းက ညတိုင်း အဝတ်လျှော်ဖို့ ခြံထဲကို သွားခဲ့ရသည်။

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now