CH-32

2.2K 286 1
                                    

[Unicode]

ခေါင်းဆောင်ကျန်းရဲ့ဇနီးဖြစ်သူ ရန်ယွီဖုန့်မှာ အလွန်ကြင်နာတတ်ပြီး အတင်းအဖျင်းပြောရတာ ကြိုက်သလို ဒရာမာကြည့်ရတာလည်း နှစ်သက်လေသည်။ မိသားစုအသစ်ရောက်လာသည်ကို ကြားသည်နှင့် သူမ ကူညီပေးဖို့လာခဲ့ခြင်းပင်။

မိသားစုအိမ်အဝင်ဝတွင် လူနှစ်ယောက် စောင့်ကြပ်နေဆဲ။ ငယ်ငယ်ရွယ်ရွယ်စစ်သားတော်တော်များများက ခရီးဆောင်အိတ်များကို ချပေးကာ သယ်ယူပို့ဆောင်ရေးကားသေးဆီသို့ ရွှေ့ပြောင်းပေးနေခဲ့ကြ၏။

ချင်းရို့ရဲ့ မျက်နှာကိုမြင်တော့ ရန်ယွီဖုန့်က စပ်စုစွာဖြင့် "နင်ကလည်း အနောက်မြောက်ကပဲလား?"

ယေဘူယျအားဖြင့် သဲမုန်တိုင်းကျတဲ့ နေရာများမှ ဒီနေရာကို ရောက်လာသူတွေက ဤနေရာရှိလေထုကို ပိုမိုနှစ်သက်ကြသည်။ လေထုမှာ တအား သက်တောင့်သက်သာရှိလေ၏။

သူမ ဒီကိုမရောက်ခင်တုန်းက ဒီလောက် သန့်ရှင်းလတ်ဆတ်တဲ့ လေကောင်းလေသန့် ရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူးလေ။

"ကျွန်မက ပင်းချန်ကပါ။ ဇာတိကတော့ စီချွမ်နဲ့ ဟူနန်တို့ရဲ့ နယ်နိမိတ်မှာပါ"

"ဒါ့ကြောင့်ကိုး၊ နင် အရမ်းလှနေတာ မဆန်းတော့ပါဘူးလေ"

ရန်ယွီဖုန့်က ဒီမိသားစုဝင်အသစ်ဟာ အလွန်လှပတယ်လို့ သူ့ဘာသူ တွေးနေမိလျက် - သူမက မြို့ကလာတဲ့ မိန်းကလေးဖြစ်နိုင်တယ်။ ဆောက်လုပ်ရေးနှစ်နှစ်အတွင်းမှာ လူတော်တော်များက ဒီနေရာဆီ ပြောင်းရွှေ့ခံခဲ့ရပြီး မိသားစုအဖွဲ့ဝင်အရေအတွက်တွေ ထပ်တိုးလာခဲ့တာဆိုတော့။

အရာရှိတွေ ခေါ်လာကြတဲ့ ဇနီးသည်တွေအားလုံးမှာ အကျင့်စရိုက်မတူကြချေ - ဇီဇာကြောင်တတ်ကြသူများ၊ ကျိုးကြောင်းဆင်ခြင်တတ်သူများ စသဖြင့် စိတ်နေစိတ်ထားမျိုးစုံရှိကြလျက်။ သို့ရာတွင် အကြမ်းဖျင်းအားဖြင့် အမျိုးအစားနှစ်မျိုး ခွဲခြားနိုင်ပေသည်။

ရန်ယွီဖုန့်သည် ချင်းရို့အား ဇီဇာကြောင်သူအဖြစ် အကဲဖြတ်ခဲ့လေသည်။

ဤအမျိုးအစားနှစ်ခုတွင် ဇီဇာကြောင်သူများဟာ စောင့်ကြည့်လို့အကောင်းဆုံးဖြစ်သလို သူတို့ဟာ လိမ္မာပါးနပ်မှုအရှိဆုံးပင်။ ပထမလအနည်းငယ်မှာ သူတို့ဟာ လူတိုင်း အပျော်ကြည့်ဖို့အတွက် အသစ်အသစ်တွေ အမြဲလုပ်တတ်ကြတယ်လေ။

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now