CH-92

1.1K 235 26
                                    

Unicode

လုကျုံးရီနှင့် တခြားသူတွေ ခေါင်းလှည့်ကြည့်လိုက်တော့ အဖြူရောင်စစ်ယူနီဖောင်း၀တ်ဆင်ထားတဲ့ အရပ်ရှည်ရှည်ခပ်ချောချော အမျိုးသားကို တွေ့လိုက်ရသဖြင့် သူတို့အားလုံး ထိုအမျိုးသားကို မမှတ်မိလုနီးပါးဖြစ်သွားရလျက်။

"လု... လုယန်?" လောင်ဝမ်သည်လည်း ဘေးအိမ်က အငယ်ဆုံးသားကို မမှတ်မိလုနီးနီးပင်။

လုမိသားစုမှ ဒီကလေးဟာ တကယ့်ကို ရုပ်ရည်ချောမောပြီး တပ်ထဲဝင်ရန်အတွက် ကြေညာပေးဖို့ ပရိုမိုးရှင်းဓာတ်ပုံရိုက်နေသည့်အလား။

"ကျွန်တော် မကြာသေးခင်က ဖုန်းဆက်လိုက်သေးတယ်ဗျာ။ ရှောင်လီပြောတော့ အမေတို့နှစ်ယောက်က ဦးလေးဝမ်ရဲ့ သားအိမ်ကို သွားလည်ကြတာဆို၊ ဒါပေမဲ့ အားလုံးက အခု ချုံကျိုးကျွန်းကို ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူးဗျာ"

သူ့ဇနီးလေးမှာ ကိုယ်ဝန်ရှိနေပြီဖြစ်လို့ လုယန်က သူ့မိဘတွေကို ပြောပြဖို့ရာ ဖုန်းဆက်ခဲ့ပေမယ့် ရလဒ်အနေနဲ့ကတော့ သူတို့က အိမ်မှာမရှိကြသဖြင့် အကြောင်းကြားဖို့ အချိန်တစ်ခုလောက်စောင့်ဖို့ ရည်ရွယ်ထားခဲ့သည်ပင်။

မမျှော်လင့်စွာပင် သူ့မိဘတွေဟာ ဦးလေးဝမ်တို့ကို သူ့အိမ်ဆီ အလည်ခေါ်လာခဲ့တာပဲ။

သူ့ဇနီးလေးလည်း သူမရဲ့ ယောက္ခမတွေနဲ့ တွေ့ရတော့မှာပေါ့။

"သား၊ မင်း-" လုကျုံးရီက သူ့အား မျက်မှောင်ကြုတ်၍ ကြည့်လိုက်၏။ အကယ်၍ ဒီအချိန်မှာ အပြင်လူတွေမရှိခဲ့ရင် သူက ဒီကလေးရဲ့ ကော်လာကိုဆွဲပြီးတော့ မေးလိုက်ချင်တာ - 'မင်းရဲ့ခြံဝင်းက ဘာလို့များ ဒီလောက်ထိဆိုးရွားနေရတာတုန်းကွာ?'

လုယန်က ဒီနေ့ စောစောအိမ်ပြန်လာခဲ့သည်ပင်။ မူလကတော့ သူ ဘန်းမုန့်ပေါင်းတွေ လုပ်ဖို့အတွက် မုန့်ညက်နယ်ရန်၊ ထို့နောက် အိမ်ကစောင်တွေကို နေပူထုတ်လှန်းရန် နှင့် သူ့ဇနီးလေးအတွက် ညစာချက်ပြုတ်ပြင်ဆင်ထားရန် အိမ်စောစောပြန်လာခဲ့လေ၏။

သို့ရာတွင် ယခုအချိန်တွင် ဧည့်သည်တွေ အများကြီးရောက်လာသဖြင့် ညစာအတွက် စားပွဲအကြီးကြီး ကောင်းကောင်းလေးပြင်ဆင်သင့်တာပဲလို့ တွေးနေမိချေပြီ။

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now