CH-54

1.4K 177 1
                                    

Unicode

လွန်ခဲ့သည့်သုံးရက်အတွင်း လျိုခိုင်က ခရမ်းသီးတစ်လုံး(အသုံးမဝင်)ကဲ့သို့ ဖြစ်နေသော လီချင့်ဟွားကို အေးစက်စက်ကြည့်ရင်း သူ့နှလုံးသားမှာ ဒေါသပြည့်လာရ၏။ ဒီလိုပျင်းရိတဲ့ ဇနီးသည်ကို ရင်ဆိုင်ဖို့အတွက် နောက်ဆုံးမှာတော့ ခင်ပွန်းသည်တစ်ယောက်ရဲ့ မာန်မာနကို ပြန်လည်ဖော်ထုတ်ခဲ့လေသည်။

"ဖေဖေ ပြန်လာပြီ!" သူ့သား လျိုယွဲ့က သူ့ကို အော်ခေါ်လိုက်၏။

အရာရှိလျိုက သူ့သား လျိုယွဲ့နှင့်တူသည်ပင်။ သူတို့နှစ်ယောက်လုံးက အရပ်ရှည်ကြသလို ပိန်ပါးပြီး လည်ပင်းရှည်ကြ၏။ သူက သူ့ဇနီးအရမ်းကြိုက်တဲ့ ကျော့ရှင်းရည်မွန်တဲ့ မျက်မှန်ကို တပ်ထားခဲ့သည်။ သူမက ထိုမျက်မှန်တွေကို တိတ်တဆိတ် ဝတ်တတ်ပါသေးသည်။

"ပါး ဘာလို့ စကားမပြောတာလဲ?"

အရာရှိလျို မျက်နှာတည်တည်နဲ့ဖြစ်နေကာ စကားမပြောပေ။ နောက်စက္ကန့်မှာပဲ လူတွေကို ပြစ်တင်ရှုတ်ချတော့မည့်အလား အလွန်လေးနက်ပြင်းထန်နေပုံရလေ၏။

သူက အလေးအနက်ထားကြောင်း၊ ဒေါသထွက်နေကြောင်း လီချင့်ဟွားကို သိစေမယ်။

လျိုယွဲ့က သူ့အဖေ စကားမပြောသည်ကို ကြည့်လိုက်ပြီး တိတ်ဆိတ်သွားတော့သည်။

အိမ်၌ လူသုံးယောက်ရှိသော်ငြား လူတိုင်း အလွန်တိတ်ဆိတ်နေသဖြင့် နှစ်ထပ်တိုက်ကြီးမှာ ဗလာဟင်းလင်းဖြစ်နေသည့်နှယ်။ အရာရှိလျို ရေသွားချိုးပြီးနောက် သူထွက်လာသည်နှင့် သူ့ဇနီးက သူ့သားလေးရဲ့ လက်ကို ကိုင်ထားသည်ကို တွေ့လိုက်ရ၏။ "ဒီနေ့ မားက သားနဲ့အတူ အိပ်ပေးမယ်နော်!"

"ဟုတ်!"

ကလေးက မိဘတွေကြားက ကိစ္စတွေကို နားမလည်နိုင်သဖြင့် သူ့အမေပြောတာကိုကြားပြီး စိတ်လှုပ်ရှားနေခဲ့၏။ ဒီနေ့ဆို သူ့အမေက သူ့ကို မူကြိုမှာ လာကြိုပေးသလို ချောမောလှပတဲ့ ဒေါ်လေးချင်းနဲ့တောင် တွေ့ခဲ့ရသဖြင့် လျိုယွဲ့မှာ အလွန်ဝမ်းသာနေလျက်။

လျိုခိုင်: "…"

သူမက ဘာလို့ သူ့ကို လာမတောင်းပန်တာလဲကွ?!

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now