CH-71

1K 160 1
                                    

Unicode

ရေးဖြေစာမေးပွဲ၊ နှုတ်ဖြေစာမေးပွဲနှင့် အင်တာဗျူးတို့၏ ရလဒ်များအားလုံး ထွက်လာခဲ့ပြီဖြစ်သည်။

ချင်းရို့ ရေဒီယိုအသံလွှင့်ဌာနသို့ သွားရောက်သတင်းပို့သည့်အခါ ဝင်ခွင့်ရတဲ့တခြားအမျိုးသမီးတစ်ယောက်ကိုပါ တွေ့လိုက်ရသည်။ ထို့နေ့တုန်းက စောင့်ဆိုင်းခန်းတွင် ကြောက်လန့်တုန်ယင်နေခဲ့တဲ့ အစက်အပြောက်အင်္ကျီဝတ်ထားသူ ဝမ်လိချွမ်းလို့ခေါ်တဲ့ ထိုအမျိုးသမီးကလွှဲ၍ တခြားသူမဟုတ်ပါချေ။

ဝမ်လိချွမ်းက ချင်းရို့ကို မြင်သည့်အခါ ရှက်ပြုံးလေးနှင့် "ငါ ဘယ်လိုများ ဝင်ခွင့်ရလိုက်သွားလဲ မသိပါဘူးဟယ်၊ ကံကောင်းသွားတာနေမယ်"

"ငါ ဝင်လာတုန်းက တံခါးကို တွန်းဖွင့်ပြီးတော့ ပြေးလာလုမတတ်ဖြစ်တော့မလို့လေ"

ဒီအမျိုးသမီးက ဒရာမာကွင်းပဲဟ!

ချင်းရို့လည်း ရှက်ရွံ့စွာ ပြုံးလျက် "ငါရောပဲဟယ်၊ ကောင်းကင်က ပေါင်မုန့်တစ်လုံး ပြုတ်ကျလာပြီးတော့ ငါ့ခေါင်းကို ထိသွားတဲ့အတိုင်းပဲ။ စာမေးပွဲမှာ ပထမနေရာကိုတောင် ရခဲ့တယ်လေ"

ဝမ်လိချွမ်း: "…"

သူတို့နှစ်ယောက်က မြို့ထဲရှိ ရေဒီယိုအသံလွှင့်ဌာနကို သွားလိုက်ကြပြီး ကြေညာသူအဖွဲ့တွင် လူသစ်များဖြစ်လာကြ၏။ သူတို့နှစ်ဦးအပါအဝင် ကြေညာသူအုပ်စုမှာ အမျိုးသမီး ၄ဦး၊ အမျိုးသား ၂ဦး စုစုပေါင်း ၆ယောက်ရှိပေသည်။

ယခုအချိန်တွင် ထုတ်လွှင့်ချိန်ကို နံနက်ပိုင်း၊ မွန်းလွှဲပိုင်း နဲ့ ညနေပိုင်း ဟူ၍ အချိန်သုံးပိုင်း ခွဲထားပြီး၊ နံနက် ၅း၀၀ မှ ၈း၀၀ နာရီအထိ၊ နေ့လည် ၁၀း၅၀ မှ ၂း၃၀အထိ၊ ညနေ ၅း၃၀ မှ ၁၁ နာရီအထိ ထုတ်လွှင့်မည်ဖြစ်သည်။

ပရိုဂရမ်၏ အကြောင်းအရာမှာလည်း ကွဲပြားပေသည်။ ထုတ်လွှင့်မှုတစ်ခုချင်းစီ၏ အစတွင် သံပြိုင်သီချင်း ထုတ်လွှင့်မည်ဖြစ်ပြီး၊ နံနက်ခင်းတွင် ရေဒီယိုကျွမ်းဘားအားကစား၊ မာ့က်စ်-လီနင်ဝါဒီတို့၏ အတွေးအမြင်များ၊ သတင်းများ၊ သတင်းစာမှ ကောက်နုတ်ချက်များ၊ ကျေးလက်ဒေသများသို့ ထုတ်လွှင့်မှုများ၊ အလုပ်သမားများ...အစရှိသည်တို့အပြင် မိုးလေဝသခန့်မှန်းချက်များနှင့် စာပေအစီအစဉ်များအပြင် China Central Radio၏ အစီအစဉ်များကို ပြန်လည်ထုတ်လွှင့်ပေးလေသည်။

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now