အပိုင်း ၁၄၇ /အပိုင္း ၁၄၇

Start from the beginning
                                    

“အတော်ပဲ ကျွန်မ ယွမ်ယောင်ကို လိုက်ကြည့်ဦးမယ်”

ကုတင်ကိုမှီပြီး အတွေးထဲမြောနေခိုက် တံခါးနားက ခြေသံတွေကို ကြားလိုက်ရတဲ့အခါ မုယွမ်ယောင်က အပြုံးချိုချိုလေး အမြန်ဆင်လိုက်ပြီး ခပ်ချွဲချွဲလေး အော်ပြောလိုက်သည်။

“အမေ ရတနာရှစ်ပါးထမင်း ရပြီလား။ အမေ့ယောင်အာလေး ဗိုက်ဆာလို့ သေတော့မယ်!”

စုချင်တစ်ယောက် သခင်မကျင်းကို မချိပြုံးလေး ပြုံးပြလိုက်ရသည်။

“ယောင်အာ့အကျင့်က အမြဲအဲ့လိုပဲ။ သခင်မကို ရိုင်းပျသလို ဖြစ်သွားရင် တောင်းပန်ပါတယ်နော်”

သခင်မကျင်း နည်းနည်း အံ့ဩသွားသည်။ ပုံမှန်ဆို အရမ်းစေ့စပ်တိကျတဲ့ မုယွမ်ယောင်မှာ ဒီလိုကလေးဆန်တတ်တဲ့ အချိန်မျိုးလည်း ရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။ စုချင်မျက်နှာပေါ်က တုန်နေအောင်ချစ်တဲ့အပြုံးကို မြင်ရတဲ့အခါမှာတော့ သူမ စုချင်အပေါ် မနာလိုစိတ်လေး ဖြစ်မိသည်။ သူမမှာလည်း မုယွမ်ယောင်လို သမီးလေးတစ်ယောက် ရှိမယ်ဆိုရင် အရမ်းအလိုလိုက်မိမှာ အသေအချာပဲ။

စုချင်ရဲ့အသံကို ကြားခါမှ သခင်မကျင်းပါ ပါလာတယ်ဆိုတာ မုယွမ်ယောင် သိလိုက်သည်။ သူမမျက်နှာက ချက်ချင်း နီမြန်းသွားပြီး အရိုအသေပေးရန် အိပ်ရာကနေ ထလိုက်သည်။

သခင်မကျင်းက အခန်းထဲကို အမြန်ဝင်လာပြီး မုယွမ်ယောင်ကို တားလိုက်၏။

“မြန်မြန်ပြန်လှဲနေပါ။ ဒီလိုအခြေအနေမှာတောင် မင်းက ဧည့်ဝတ်ကျေချင်နေသေးတာလား? မင်း အပြင်းအထန် ဒဏ်ရာရပြီး အထပ်မြင့်ကနေ ပြုတ်ကျလုနီးပါး ဖြစ်တယ်လို့ ချောင်တာ့ရန်ပြောပြတော့ ငါ့မှာ ကြားရတာနဲ့တင် နှလုံးရပ်မတတ်ပဲ။ ကာယကံရှင် မင်းဆို ဘယ်လောက်တောင် လန့်သွားခဲ့မလဲ”

မုယွမ်ယောင်လည်း ထဖို့မကြိုးစားတော့ပေ။

“သခင်မကို စိတ်ပူအောင်လုပ်မိပြီ။ ကျွန်မ အဆင်ပြေပါတယ်။ အပေါ်ယံဒဏ်ရာလေးတချို့ပဲ ရသွားတာမလို့ အနားယူလိုက်ရင် သက်သာသွားမှာပါ”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now