လင်းယုရန် တွေးတွေးဆဆနဲ့ခေါင်းငြိမ့်လိုက်တယ် ကောင်းပြီလေ သူမ ထပ်ပြီးတိုက်တွန်းမရတော့ရင်လဲ ဒါက ဒီအတိုင်းပဲပေါ့

ပြီးတော့ လုမိသားစု

အဲ့လုမိသားစုက သိပ္ပံခေတ်ရှေ့ပြေးနေတဲ့အာဏာရှိတဲ့ မိသားစုဖြစ်တယ်လေ စစ်တပ်ပိုင်းဆိုင်ရာအပြင် နိုင်ငံတကာနဲ့ပါချိတ်ဆက်ထားပြီး သူတို့မှာ systemဆိုတာလဲရှိနေတယ်

ဘယ်လိုလည်ပတ်ပြီးဘယ်လိုအလုပ်လုပ်တယ်ဆိုတာမသိပေမဲ့စိတ်ကူးယဉ်ကမ္ဘာကိုဖွဲ့စည်းနိုင်ပြီး အဲ့ကမ္ဘာထဲကိုလဲ လူတွေကိုဆွဲသွင်းဆွဲထုတ်နိုင်တဲ့အပြင် တာဝန်တွေကိုလဲထမ်းဆောင်နိုင်ကြတယ်

အဲ့လိုအဖွဲ့အစည်းရဲ့လေ့ကျင့်ပေးခြင်းခံထားရတဲ့ လုယင်းယန်ဆိုတဲ့မိန်းမကလဲ လုံးဝခေသူမဟုတ်ဘူး

ဟိုဖက်ခေတ်မှာ သူမအကြင်နာမဲ့မဲ့လှုပ်ရှားနိုင်ထဲက သူ့မရဲ့ရက်စက်လိုစိတ်ဟာမိုးလောက်မြင့်ပြီးသွေးအေးချက်ကလဲ ရေခဲမှတ်ဖြစ်နေပြီဆိုတာသေချာတယ်

ဒါပေမဲ့ လုယင်းယန်ပြောလိုက်တဲ့စကားက သူမကိုဆက်တိုက်နှောင့်ယှက်နေပြီး ပြန်ခါနီးပြောသွားတဲ့

"သခင်ဟော်ကသိပ်ချစ်တတ်တာပဲ သူ့ဇန်ီးလေးကိုလုံးဝပေးမသိတဲ့အပြင်အကျိုးဆက်ကိုပါဖုံးထားသေးတယ် အမ်း အဲ့ဒါကလူတွေပြောကြတဲ့ပေးဆပ်ခြင်းအချစ်ဆိုတာလားပဲ "

"........."

သူမ အဲ့အကြောင်းကိုအိမ်ပြန်ရောက်တဲ့အထိ တွေးမိနေပြီး ခေါငဲကလုံးဝထုတ်မရဘူး

သူမ အိမ်တွင်းစီးဖိနပ်လဲပြီး အောာက်ဆင်းလာတော့ ဟော်ရုံကျွင်းက စာရွက်စာတမ်းတွေလှန်ကြည့်နေကာ ဘေးနားက သက်တော်စောာင့်လိုလို အတွင်းရေးမှူးလိုလိုက သူ့ကိုအစီရင်ခံကာ သူနဲ့စကား‌ပြော‌နေကြတာကိုတွေ့တော့  သူမလဲ တံခါးပေါက်ကိုမှီကာ သူ့ကိုကြည့်ကောင်းကောင်းနဲ့ကြည့်နေမိတယ်

"သခင် သခင်ရဲ့စွမ်းအင်တွေယိုစိမ့်နေပြန်ပြီ ဒီတခါရော ဘယ်နရက်လောက်ပဲခံမှာလဲ "

"ငါလဲမသိဘူး"

"သခင်မပြန်လာတာလဲ အလုပ်မဖြစ်တော့ဘူး "

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Where stories live. Discover now