part11

1.5K 31 0
                                    

"မင်းငါ့ကိုဒီကိုခေါ်တာဘာလုပ်မို့လဲ တံတိုင်း "

Barမှာတစ်ယောက်ထဲထိုင်နေသည့် တိမ်တံတိုင်း ဘေးကို သက်တန့် ဝင်ထိုင်ကာပတ်ဝန်းကျင်ကိုကြည့်ရင်းမေးလိုက်၏။

ဆေးခန်းမှာအလုပ်ရူပ်နေသည့်သက်တန့် တိမ်တံတိုင်း ဖုန်းဆက်ခေါ်၍ထိုနေရာကိုရောက်လာခြင်းပင်။
ထိုနေရာကိုလာရတာသက်တန့်အတွက်ကျောမလုံ..ဘာလို့လည်းဆိုတော့ ထိုနေရာကသူတို့လိုယောက်ျားစစ်စစ်တွေနဲ့မအပ်စပ်သည့်နေရာ..။

ယောက်ျားလေးအများစုကိုထိုbarမှာတွေ့ရပြီး များသောအားဖြင့်စုံတွဲတွေလိုအရမ်းရင်းနှီးကြသည်။အချို့ကစုံတွဲတွေဖြစ်နိူင်သည်။
လိင်တူကြိုက်ခြင်းကိုသူ့အနေနဲ့လက်ခံသော်လည်း ထိုနေရာကိုတစ်ခါမှမရောက်ဘူးသည့်အတွက်နည်းနည်းတော့လန့်နေမိသည်။
တိမ်တံတိုင်း တော့မသိ..။

ထိုနေရာကသူတို့အတွက်စည်းတွေဘောင်တွေမရှိဘဲလွတ်လပ်သည့်နေရာလို့ထင်မိ၏။

"ငါ..ဘာလို့ဒီgay barကိုလာလည်းမင်းသိလား သက်တန့်"

"ဟင့်အင်..ငါသိလည်းမသိချင်ဘူး..မေးလည်းမမေးချင်ဘူး...မင်းလည်းဖြေချင်မှာမဟုတ်ဘူး"

အရက် ခွက်ကိုမော့ချရင်းမေးလာသည့်တိမ်တံတိုင်းစကားကို သက်တန့်ခေါင်းရမ်းရင်းဖြေ
လိုက်သည်။

"မင်းသောက်နိုင်လို့လား..တံတိုင်း..မင်းဘာစိတ်ညစ်စရာတွေရှိနေလို့လဲ"

အရက်နောက်တစ်ခွက်ကိုထပ်ယူကာမော့ချလိုက်သည့် တိမ်တံတိုင်း ကိုစိုးရိမ်၍ သက်တန့်မေးလိုက်သည်။တိမ်တံတိုင်း ကအရက်ဆိုဘာအရက်မှမသောက်တတ်သည့်လူ..။
ပြောင်းလဲမူ့ကြီးကြီးမားမားကိုမြင်နေရသည့်အတွက်လည်းစိတ်မကောင်း..။

"ငါသူ့ကိုမုန်းတယ် သက်တန့်....အရာအားလုံးပျောက်ကွယ်ပြီးအစကပြန်ဖြစ်သွားရင်ကောင်းမယ်..".

"မင်းပျောက်ကွယ်သွားစေချင်တဲ့အရာအားလုံးထဲရော သူပါလား.တံတိုင်း မင်းသူ့ကိုမုန်းတယ်ဆိုပြီးဘာလို့ဒီနေရာကိုလာတာလဲ.."

သက်တန့်အမေးကို တိမ်တံတိုင်း မဖြေမိပါ..။ထပ်ချပေးလာသည့်အရက်ကိုသာစွတ်သောက်နေမိသည်။
သူတကယ် ဆက်ကိုမုန်းခဲ့လား ဆိုတာမဖြေခင် သူ့ဘဝဟာဆက်ကြောင့်ပျက်ဆီးခဲ့ရတာတော့ သိစေချင်သည်။
တိမ်တံတိုင်း ရှက်မိသည်။
အရာရာမဖြေရှင်းနိူင်ဘဲ ကြောက်တတ်သည့်သူ့စိတ်ကို..။
ဒါကြောင့်လည်းသူများအသုံးချခံဖြစ်ခဲ့ရတာမဟုတ်လား..။တော်ပါ..အဲ့အကြောင်းတွေလည်းဆက်မပြောချင်တော့..။

 ကျွန်တော်ချစ်သောမောင်💖💖Tahanan ng mga kuwento. Tumuklas ngayon