part6

2.2K 57 0
                                    

ဒီနေ့မိုးကအုံ့တုံ့တုံ့..။

တိမ်တံတိုင်း ညဥ့်နက်မှအိပ်ဖြစ်သောကြောင့်အိပ်ယာကနောက်ကျမှသာထဖြစ်သည်။
နာရီနိုးစက်ကိုAlarmပေးထားသော်လည်း နောက်ကျမြဲနောက်ကျတတ်သည်။
ညကမိုးမိထားသောခေါင်းကလည်းအနည်းငယ်ကိုက်နေသည်။
သို့ပေမယ့်တာဝန်ကတာဝန်ပဲမလား..။
သူ့ကိုစောင့်နေမည့်လူနာတွေကိုစိတ်ထဲတွေးလိုက်မိရင်သူဘယ်လိုမှအနားယူချင်စိတ်မရှိ..။ဆေးခန်းကိုသွားရမည့်အတွက်အိပ်ယာမှထလိုက်သည်။

ခုတင်ပေါ်မှထပြီးရေချိုးရန်ပြင်လိုက်၏။

"သား..တိမ်လေး.."

အခန်းထဲတံခါးမခေါက်ဘဲဝင်လာသည့် ကြီးဝေကြောင့်ချွတ်မည့်အင်္ကျီကိုမချွတ်ဘဲရပ်တန့်လိုက်သည်။ကြီးဝေကြည့်ရတာအရေးကြီးနေသည့်ပုံ...။

"ဗျာ..ကြီးဝေဘာဖြစ်လို့လဲ".

"မြလေးတို့အိမ်ကို ခုသွားမှဖြစ်မယ်ထင်တယ် တိမ်လေး..အရေးကြီးတယ်ပြောသာပဲ..".

"သားဖုန်းကိုညကတည်းကခေါ်နေတယ်လို့ပြောသာပဲခုလည်းသားနိုးရင် အိမ်လာခဲ့ပါဦးတဲ့လေ.."

ကြီးဝေပြောသည့်အတိုင်းဖုန်းကိုကောက်ယူပြီးကြည်လိုက်တော့ဟုတ်၏။
အဝင်callတွေမှအများကြီး။
တိမ်တံတိုင်း နဖူးပေါ်ကျလာသည့်ဆံပင်ကိုနောက်သို့ပြန်လှန်တင်၍စဥ်းစားလိုက်၏။
မြတစ်ခုခုဖြစ်၍မလား..ဒါမှမဟုတ်မြအဖေဦး စောညွှန့်များ..။

"ကြီးဝေ ကျွန်တော် မြတို့အိမ်သွားလိုက်ဦးမယ်..ဖေဖေတို့နိုးလာရင် အကျိုးအကြောင်းလေးပြောပေးထားဦးနော်"

"ေအးအေး..သားသွား..ကြီးဝေပြောထားလိုက်မယ်"

ညကဝတ်ထားသည့်တီရှပ်အဖြူရောင်နဲ့ဂျင်းအနက်ရောင်ဘောင်းဘီကိုမလဲတော့ဘဲ ကားသော့ကိုယူကာထွက်ခဲ့တော့၏။..

မြတို့အိမ်ကအရှက်အကြောက်ကြီးပြီး လူနေလျို့ဝှက်သည့်အိမ်မျိုး..။တော်ယုံတန်ယုံကိစ္စမျိုးကိုအပြင်လူလူသိခံသည့်အမျိုးမဟုတ်..။
သူ့ကိုအရေးတကြီးလှမ်းခေါ်သည်မှာအရမ်းအရေးကြီးလို့သာဖြစ်မည်။
မြဖေဖေကနေကောင်းသည့်လူမဟုတ် ကျန်းမာရေးချုချာသည်။အရေးပေါ်ဖြစ်၍သူ့ကိုအကူအညီတောင်းတာလားမသိပေမယ့်ညကအိပ်ပျော်နေခဲ့သူ ကတော့ စိတ်မသက်မသာဖြစ်နေသည်။
သားမက်တစ်ဖြစ်လည်းကောင်းဆရာဝန်တစ်ဖြစ်လည်းကောင်း..သူ့ဘက်ကလိုအပ်ချက်ဖြစ်သွားနိုင်သည်။

 ကျွန်တော်ချစ်သောမောင်💖💖Where stories live. Discover now