part18

1.6K 38 0
                                    

တစ်ကိုယ်လုံးလေးလံနေပြီးကိုက်ခဲနေသည့်ခံစားချက်ကြောင့်ခန္ဓာကိုယ်ကလူပ်မရ...။
အရမ်းပင်ပန်းနေသည်။
မူန်ပြပြမီးအလင်းရောင်ကြောင့် မနက်မိုးမလင်းသေးဘူးဆိုတာသိလိုက်၏...။

ညတုန်းက မောင် နဲ့......။
တွေးရင်းမျက်ရည် များစီးကျသွားသည်။
ဆက်..ဘာမှမတွေးချင်တော့ပါ..။ဆက်နာကျင်မူ့တွေရဲ့လွတ်မြောက်ရာအမှောင်ထု တစ်ခုထဲဝင်ရောက်သွားသည်ဆိုတာတစ်ခုပဲသိလိုက်ရ၍ဆက်ပြီးမစဥ်းစားချင်တော့...။

လက်ကဆေးသွင်းထားသည့်အပ်ကိုမြင်လိုက်ရတော့မောင့်ကိုသတိရသွားမိ၏။မောင်ရော..အခုဆို ညကပြောထားတဲ့အတိုင်း ဆက်နဲ့မပက်သက်ဘဲထွက်သွားပြီလား...။

ဆက်အာခေါင်ခြောက်နေပြီး..ရေအရမ်းဆာနေ၏။
မရရအောင် ထရမည်ဆိုသော်လည်း..ထ၍မရအောင်ကိုက်ခဲပင်ပန်းနေသည့်အခြေအနေမို့...။
ကုန်းရုန်းထပေမယ့်..ထ၍မရ...။
ကိုယ့်ကိုယ်ကို ဒေါသထွက်မိသည်။
ခါးအောက်ပိုင်းက လူပ်မရအောင်အသည်းခိုက်အောင်နာကျင်နေသည်မို့...။

"မင်း..ဘာလုပ်ချင်နေတာလဲ ဆက် နေမကောင်းရင်ငြိမ်ငြိမ်နေရမှာမင်းတာဝန်မလား"

မောင်အသံကြောင့်ဆက်အသံလာရာကို လှည့်ကြည်မိ၏။ အနက်ရောင်စတစ်အင်္ကျီလက်ရှည်နဲ့ ပုဆိုးအပြာနုရောင် ကွက်စိပ်ကိုဝတ်ထားသည့်မောင်က လိုက်ဖက်စွာကြည့်ကောင်းနေသည်။ဆံပင်ရှည်ကိုလည်းညှပ်ထားပြီးနောက်လှန်ဖီးထားသည်။
မောင်အလုပ်လုပ်စဥ်ကပုံစံသို.ပြန်ရောက် သွားသည်ဟုဆက်ခံစားမိသည်။

"ဆက်.. ရေသောက်ချင်လို့ပါ"

တိမ်တံတိုင်း ဖန်ခွက်ထဲကရေကိုခပ်ပြီး..ဆက်ဆီကိုကမ်းပေးလိုက်သည်။
မောင်ကမ်းပေးလာသည့် ရေခွက်ကိုယူ၍ဆက်သောက်လိုက်၏။ အာခေါင်ခြောက်ခြင်းပျောက်သွားသလို..ဆေးတွေနဲ့ပဲပြည့်နှက်နေသည့် ဆက်ဝမ်းဗိုက်လေးလည်းငြိမ်သွား၏။

"ကျေးဇူးတင်ပါတယ်မောင်..."

သောက်ပြီးသားဖန်ခွက်လေးကိုပြန်ပေးရင်းပြောလိုက်၏။
ဆက်စကားကိုမောင်က ေလှာင်သလိုမဲ့ပြုံးပြုံးလိုက်သည်ကို လှမ်းမြင်လိုက်သည်။

 ကျွန်တော်ချစ်သောမောင်💖💖Onde histórias criam vida. Descubra agora