part26

1.9K 41 2
                                    

"ဆက်...ဆက်..ဆက်"

လေသံသြသြလေးကိုဖြည်းဖြည်းညှင်းညှင်းလေးနဲ့ခေါ်လိုက်သည့်အသံကြောင့်အိပ်မရ၍မှေးနေသည့် ဆက် မျက်တောင်ရှည်တွေဝန်းရံထားသည့်မျက်ဝန်းလေးပွင့်လာသည်။

မောင်....။
ဆက်ကိုပြုံးပြ ပြီးဆက်ဘေးကိုဝင်ထိုင်လိုက်သည့်မောင့်ကို ဆက်အံသြ စွာကြည့်လိုက်သည်။
မောင့်ဆီကအရက်နံလေးလည်းရနေသည်။
ဒီအခြေအနေမျိုးကို ဆက်ဘာလို့ရင်းနှီးနေရတာပါလိမ့်...။
ဆက်နာရီကိုကြည့်မိတော့...မနက်၃နာရီ..။

"ကို..မင်းအဝတ်အစားတွေကားထဲထည့်ပြီးပြီ..ကိုနဲ့လိုက်ခဲ့.."

"ဘယ်ကိုလဲ..ဆက်မသွားဘူး.."

ဆက်ခေါင်းရမ်းပြလိုက်သည်။ ဆက်မောင့်လှည့်စားမူ့ကိုထပ်ပြီးမခံတော့...။
တိမ်တံတိုင်း ဆူပုပ်ပုပ်လေးနှင့်အိပ်ယာထဲမှာထိုင်နေသည့် ဆက်ပုံစံလေးကိုကြည့်ကာ အသည်းယားမိ၏။
ဆူပုပ်နေသည့်နူတ်ခမ်းလေးကိုကိုက်ဆွဲချင်မိသော်လည်းထိုသို့လုပ်ဖို့ အချိန်မရသည့်အတွက် ဆက်ရဲ့လက်ချောင်းသွယ်သွယ်လေးကို ဆုပ်ကိုင်၍..

"ဆက်...ကို့ကိုဒီတစ်ခုပဲယုံပေးလို့ရမလား..ကိုနဲ့သာလိုက်ခဲ့ပေးပါ..ဆက် "

"ဟင့်အင်...အား..ဦးတိမ်တံတိုင်း ကျွန်တော့်ကိုလွှတ်"

ဆက်မှာငြင်းခွင့်တောင်မရှိတော့ တိမ်တံတိုင်း ဆတ်ခနဲဆူပုပ်ပုပ်ကောင်လေးကို ပွေ့ချီသွားသည်။

"လွှတ်လို့ပြောနေတယ်..ဦးတိမ်တံတိုင်း..ကျွန်တော်ခင်ဗျားကိုတကယ်မုန်းမိတော့မယ်နော်..လွှတ်ပါဆို"

ဆက် အားကုန်သူ့ရင်ဘက်ကိုထုနေသော်လည်း..တုန်တုန့်မှမလူပ်..။ တိမ်တံတိုင်း ပုခုံးကိုဆက်ကိုက်ဆွဲလိုက်၏။

"အား...နာတယ်..ဆက် မင်းငြိမ်ငြိမ်မနေရင် ကိုမင်းတစ်ကိုယ်လုံးကိုစားပစ်လိုက်မှာနော်..."

"လုပ်ကြည့်လိုက်လေ...လူဆိုးကြီးလွှတ်လို့ပြောနေတယ်"

ဆက် ထုလေ..သူကပြုံးဖြီးဖြီးနဲ့လုပ်လေလေ...။
လူကိုစိတ်ဒုက္ခပေးရတာတော်တော်ကျေနပ်နေတာလား..ဦးတိမ်တံတိုင်း ။
တိမ်တံတိုင်း အတင်းရုန်းနေသည့်ဆက်ကိုကားထဲ ထည့်လိုက်သည်။

 ကျွန်တော်ချစ်သောမောင်💖💖Where stories live. Discover now