part3

2K 40 0
                                    

ဒီနေ့ကမြမွေးနေ..။

"သား..ကိတ်ဝယ်ခဲ့ဦးနော် မြကိုကိတ်လက်ဆောင်ပေးရအောင်လို့လှလှပပလေး"
မေမေ့ရဲ့ဖုန်းကနေလှမ်းမှာသည့်စကား..။တိမ်တံတိုင်း ကိတ်မုန့်ဆိုင်ရှေ့ကားကိုရပ်လိုက်ပြီး ကားပေါ်ကနေဆင်းလိုက်သည်။တစ်ခါ မှ စျေးမဝယ်ဖူး..။
သူလိုအပ်သည့်ပစ္စည်းကိုအသေးအမွှားကအစကြီးဝေ ဝယ်ပေးနေကျ။
အပြင်စာမကြိုက်သည့်အတွက်လည်းတစ်ခါမှဝယ်မစားဖြစ်။
မြကဘယ်လိုကိတ်ကြိုက်တာလဲ။ချောကလက်ကိတ်လား.။စတော်ဘယ်ရီကိတ်လား..။

"ဘုန်းးး"

"အင့်"

ဆိုင်ဆီလျှောက်သွားသည့်လမ်းမှာလူတစ်ဦးနဲ့အမှတ်မထင်တိုက်မိသွားသည်။ထိုလူကသူ့ကိုတောင်းပန်ပြီးသူ့လမ်းသူပြန်လျှောက်ကာထွက်သွားသည်။

"ဆောရီးး"

ထိုလူ့ပုံစံကအလျင်လိုနေသည့်ပုံပေါက်တာကြောင့်တိမ်တံတိုင်းအမှတ်မထားဘဲကိတ်ဆိုင်ထဲ ဝင်သွားလိုက်သည်။တိမ်တံတိုင်း ဆိုင်ထဲရောက်သွားတော့ဆိုင်ဝန်ထမ်းကောင်မလေးတွေကနူတ်ဆက်ပြီးမေးလာ၏။တိမ်တံတိုင်း ဆိုင်ထဲမှာဝယ်သူဆိုလိုသူတစ်ယောက်ပဲရှိသည့်အတွက်အနည်းငယ်ရှိန်သွားသည်။

"မင်္ဂလာပါရှင်..ဘာအလိုရှိပါလဲ ကျွန်မတို့ဆိုင်မှာကိတ်မျိုးစုံရပါတယ်ရှင့် "

"ကိတ်လှလှလေးတစ်လုံးလောက်လိုချင်လို့ပါ"

"ဘယ်လောက်အရွယ်အစားလောက်ကိုလိုချင်ပါသလဲရှင့်"

"ဒီအရွယ်အစားလောက်ဆိုရင်ရော.."

ဆိုင်ထဲမှာလည်းကောင်မလေးတွေချည်းပဲမ လိုတစ်ခါမှစျေးမဝယ်ဖူးသည့်တိမ်တံတိုင်းမျက်နှာပူကာထိုနေရာမှမြန်မြန်ထွက်သွားရန်သာအားသာနေသည်။

"ဟုတ်ရပါတယ် ထည့်လိုက်ပါ"

မျက်နှာမထားတတ်အောင်ဖြစ်နေသည့်တိမ်တံတိုင်းပုံစံကိုကြည့်ကာသိနေသည့်အလား ထိုဝန်ထမ်းကောင်မလေးတွေကပြုံးစိစိနဲ့..။
သူတို့ဝိုင်းကြည့်နေကြသည်မှာအကြောင်းရှိသည်။
ဝယ်သူပါးချိန်လည်းဖြစ်သည့်အပြင်..ရုပ်ချောသည့်လူတစ်ယောက်ကစျေးလာဝယ်သည်ဆိုတော့..။
အရပ်ရှည်ရှည် အသားခပ်လတ်လတ်။မျက်ခုံးထူထူတွေကတိုစိပ်စိပ်မျက်တောင်တွေဝန်းရံထားသည့်စူးရှရှမျက်ဝန်းအထက်တွင်တည်ရှိသည်။နှာတံချွန်ချွန်ရဲ့အောက်မှာ ပိရိစေသပ်သည့်နူတ်ခမ်းရှိသည်။
အနက်ရောင်ဝတ်ဆင်ထားသည့်သူ့ပုံစံက ဂုဏ်သရေရှိသည့်လူတစ်ယောက်ပုံစံပိုပေါ်လွင်ကာကြည့်ကောင်းနေသည်။

 ကျွန်တော်ချစ်သောမောင်💖💖Where stories live. Discover now