part27

1.8K 33 0
                                    

"ဗျာ...ကိုယ်စား ကိုယ်ဝန်ဆောင်လက္ခဏာပြတာဟုလား..."

တိမ်တံတိုင်း ခံစားနေရတာကပိုဆိုးနေသည်မို့ ကြီးဝေနဲ့ဖုန်းပြောရင်းတောင်အန်ချင်နေသည်။ကြီးဝေကိုသူ့ဘက်ကစပြီးဖုန်းလှမ်းဆက်ခြင်းဖြစ်ပြီး လှမ်းမေးရခြင်းပင်.. ။
အချို့အရာတွေကဆေးသိပ္ပံပညာနဲ့ဆုံးဖြတ်လို့မရသည့်အတွက်....။

"ဟုတ်တယ်သားရဲ့..သားလည်းဆေးကုနေတာပဲသိမှာပါ.. အချို့ မိန်းမတွေကျတော့ ကိုယ်ဝန်ဆောင် လက္ခဏာ မပြဘဲ သူတို့အမျိုးသားတွေမှာကျအဲ့ဒီ့လက္ခဏာပြတာမျိုးဖြစ်တတ်တယ်..တိမ်လေးရဲ့..သားဆက်ကိုသားအရမ်းချစ်လို့ပဲဖြစ်မယ်..ဂရုစိုက်နော်သား..."

"ဟုတ်..ကြီးဝေ..ကျွန်တော်ဆက်ကို အရင်လိုပစ်မထားတော့ပါဘူး...ပိုပြီးဂရုစိုက်မှာပါ"

"အေးအေး..တိမ်လေးကိုပြောစရာရှိသေးတယ်..မြယမူန် ကို သူ့မိဘတွေဟိုတစ်နေ့ကလာခေါ်သွားတယ်...သူ့ခမျာ့မွေးခါနီးဖွားခါနီးဆိုတော့ မိဘတွေကလည်းသနားလို့ထင်တယ် ပြန်ခေါ်တယ် "

"ပြီးတော့ မြယမူန် ပြန်လိုက်မသွားခင်..တိမ်လေးကိုကျေးဇူးတင်ကြောင်းလည်းပြောသွားတယ် သူကိုစောက်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ်တဲ့လေ..."

ကြီးဝေ ပြောစကားတွေကို တိမ်တံတိုင်း ဆုံးအောင် နားထောင်လိုက်ပြီး..ဘယ်ဘက်မျက်ခုံးကိုလက်မနဲ့ဖိ၍..စဥ်းစားလိုက်သည်။

"ကြီးဝေ..မြကို ပေးဖို့ကျွန်တော်ဆုံးဖြတ်ထားတဲ့အဲ့ဒီ့အိမ်ရဲ့စာချုပ်ပါပေးပေးပါ..မြသားတိမ်အတွက်ကျွန်တော့်လက်ဆောင်ပါလို့လည်းပြောပေးပါ...အဲ့ဒါမှကျွန်တော်စိတ်ရှင်းမှာမို့ပါ..."

"ကောင်းပါပြီသားရယ်...တိမ်လေးပြောတဲ့အတိုင်းကြီးဝေလုပ်ပေးပါ့မယ်...ဒီက ကိစ္စတွေပြီးရင်တော့ကြီးဝေလည်းသားတို့ရှိရာလာလည်ဦးမယ်..."

"ဟုတ်ကြီးဝေ...ဒါပဲနော.."

တိမ်တံတိုင်း ဖုန်းကိုချလိုက်ပြီး ဆိုဖာပေါ်ပစ်တင်လိုက်သည်။
ပြီးတော့ပြန်အလှည့်...

"အမလေး.."

သူ့ကိုမတ်မတ်ကြီးရပ်ပြီးကြည့်နေသည့် ဆက်..။
တိမ်တံတိုင်း ရင်ဘက်ကိုဖိရင်းဆိုဖာပေါ်ထိုင်ချလိုက်သည်။
ဆက် သူနဲ့ ကြီးဝေပြောတာတွေများ အကုန်ကြားသွားပြီလားမသိ...။
မြယမူန်ကို အိမ်တစ်လုံးပေးသည့်ကိစ္စရောသိရင်စိတ်ဆိုးမလားမသိ။
ဆက် သူ့ဘေးနားဝင်ထိုင်သည့်တိုင် တိမ်တံတိုင်း အရိပ်အခြေကိုစောင့်ကြည့်နေမိသည်။
ဆက်က စားပွဲပေါ်ကနေကြာစေ့ခွက်ကိုယူ၍နွှာစားနေသည်။
တိမ်တံတိုင်း ကိုဘာစကားမှမပြောသည့်အတွက်..သူ့ဘက်မှစ၍ စကားစရန်ပြင်လိုက်သည်။

 ကျွန်တော်ချစ်သောမောင်💖💖Where stories live. Discover now