part21

1.8K 36 0
                                    

"ဖယ်...ကို ညှပ်ပေးမယ်"

"ဟင်...အမလေး"

ရေချိုးရင်းမျက်နှာရှေ့ဘက်ကဆံပင်ကိုနည်းနည်းညီရန်ညှပ်ရန်ပြင်နေစဥ်..ရေချိုးခန်းထဲဝင်လာသည့် မောင့် ကြောင့်ဆက်အလွန်အံသြ၍လက်ဖြင့်သူ့ကိုယ်လုံးလေးကိုကာလိုက်သည်။ တော်သေးသည် ခုမှစချိုးရန်ပြင်နေသောကြောင့်ခါးကတဘက်ကိုမချွတ်ရသေး..။

"ဘာဖြစ်တာလဲ...ပေးကို့ကိုကတ်ကျေး...လာဒီနားထိုင်"

ဆက်လက်ထဲကကတ်ကျေးကို ဆွဲယူပြီးဆက်ကိုထိုင်ခိုင်းကာ ဆံပင်ကိုညှပ်ပေးလေသည်။ဆက် မယောင်မလည်နဲ့ထိုင်လိုက်၏။
ဆက်ကမောင့်ရင်ခွင်ထဲသို့ မရောက်တရောက်အနေအထားမှာဖြစ်နေပြီး..တစ်ချက်တစ်ချက်မောင့်ကိုခိုးကြည့်နေမိသည်။

"ဟိတ်..ကြည့်မနေနဲ့မျက်လုံးထဲ ညှပ်စတွေဝင်မယ် မျက်လုံးမှိတ်ထား..."

သူ့ကိုခဏခဏခိုးကြည့်နေသည့် ဆက်ကိုတိမ်တံတိုင်း မျက်လုံးမှိတ်ခိုင်းလိုက်၏။ကြည့်ပါဦး..ကောင်ဆိုးလေး တိမ်တံတိုင်း ပြောလိုက်တော့မျက်လုံးတန်းမှိတ်ပေးသည်။

ဆက်ကိုသေချာကြည့်မိမှပုံမှန်ထက်ပိုပိန်နေကာအန္တရာယ်ရှိသည့်ဟုခံစားမိသည်။

"ေမာင်...."

"အွန်းးပြော"

"မောင်..ဆက်တို့ကလေးယူရအောင်လေနော်...မောင့်ကိုကြည့်ရတာလည်းမမြယမူန်ကလေးကိုချစ်တယ်မလား..ဆက်သာကလေးမွေးနိူင်ရင် ကိုယ့်ကလေးကိုလည်းပိုချစ်မယ်မလားဟင်"

ဆက်ဆီမှမျှော်လင့်မထားသည့်ရုတ်တရက်မေးခွန်းကြောင့်တိမ်တံတိုင်း လက်တွေရပ်တန့်သွားသည်။
မောင့်ဆီကတုန့်ပြန်မူ့ကိုသိချင်နေ၍ဆက်..မျက်လုံးတွေဖွင့်ကြည့်မိသည်။
ဆက် မျက်လုံးဖွင့်မကြည့်ဘဲ...အဲ့စကားကိုအာဝင်မရှည်မိရင်ကောင်းသား...မောင့်မျက်လုံးတွေကဆက်ကိုအထင်သေးသလိုကြည့်နေပြီးစိတ်ဆိုးနေသည့်ပုံ...။ဆက်စကားမှားသွားမှန်းရိပ်မိသည့်အတွက်ပြင်ရန်ကြိုးစားလိုက်မိသည်။

"ေမာင်...ဆက်..လေ.."

"တော်..တော်...ဆက်။မင်းက ငါ မြယမူန်ကိုဂရုစိုက်ပေးတာကို မနာလိုဖြစ်နေခဲ့မှန်းခုမှသိတော့တယ်..။ပြောစမ်းပါ ဆက် မင်းသုံးဖို့ဆေးဝယ်ဖို့ပိုက်ဆံမရှိတော့ဘူးလား...။ ငါက မင်းနဲ့ကွာရှင်းလိုက်ရင်မင်းရပိုင်ခွင့်တွေမရမှာစိုးလို့ အပိုင်ချည်ဖို့လုပ်နေတာလား..စိတ်ချ ငါရဲ့ကလေးမှာမသန့်တဲ့မင်းရဲ့သွေးတစ်စမှအပါခံမှာမဟုတ်လို့ဘဲ..."

 ကျွန်တော်ချစ်သောမောင်💖💖Where stories live. Discover now