part31

1.8K 41 0
                                    

"အား..ကျွတ်..ကျွတ်..ကျွတ်"

ခေါင်းတစ်ခုလုံးထူမရဘဲ ကိုက်ခဲနေသည်။
မနေ့ကရခဲ့သည့်ဒဏ်ရာ​ကြောင့်အနာရှိန်တက်၍ဖျားနေခြင်းဖြစ်မည်။ကိုက်ခဲနေသည့်ခေါင်းကိုလက်နဲ့ဖိရင်း သက်သာလိုငြားခန္ဓာကိုယ်ကိုစောင်းလိုက်သည်။

ကြားထဲကိုယ်လက်ကိုက်ခဲသည့်ဒဏ်က ပိုးဆိုးနေသည်။

"ဟျောင့် တံတိုင်းထ..ဆေးထိုးရအောင်".

သက်တန့်အသံ...။

တိမ်တံတိုင်း မျက်လုံးဖွင့်ကြည့်လိုက်တော့..သူဘေးမှာထိုင်နေသည်က သက်တန့်...။

"မင်း ဘယ်လိုရောက်လာတာလဲ သက်တန့်...ဆက်ရော"

တိမ်တံတိုင်း ထ ထိုင်လိုက်ပြီးဆက်ကိုရှာလိုက်ပြီးမှသက်တန့်ကိုမေးလိုက်သည်။
သက်တန့်ကိုအံသြတကြီးမေးလိုက်သည်။
သက်တန့်ကသူ့ကိုစိတ်ပျက်သလိုကြည့်ရင်း..

"မင်းလည်းဆရာဝန်ပဲ တိမ်တံတိုင်း... အနာကိုဆေးပြီးစလွယ်ထည့်သွားမှတော့ ပိုဆိုးပြီပေါ့..ဆက်..ငါ့ဆီကိုငိုယိုပြီးဖုန်းဆက်လို့ငါရောက်လာတာပဲ...ဆက်မင်းကိုအရမ်းစိတ်ပူနေတယ် တံတိုင်း"

သူ့အတွက်ဆက်ငိုသည်ဆိုသည့်စကားနဲ့တင် တိမ်တံတိုင်း ရင်တွေပူလောင်နေပြီ..။
ဆက်ကိုရှာလိုက်ရင်း...

"ဆက်...ဆက်ဘယ်မလဲ သက်တန့်..."

"လာလိမ့်မယ်...မင်းအတွက်ရေနွေးသွားကြိုတယ်..လာဆေးထိုးမယ်"

ဆေးထိုးရန်ပြင်နေသည့်သက်တန့်လက်ကို တားလိုက်ပြီး တိမ်တံတိုင်း ဆတ်ခနဲထရပ်လိုက်သည်။ခေါင်းကိုစိတ်ရူပ်သလိုကုတ်ရင်း

"ခဏနေဦး..ဆက်ကရေနွေးမကြိုတတ်ဘူး..တော်ကြာအပူလောင်နေမှ..မင်းကဘာလို့သွားကြိုခိုင်းလိုက်ရတာလဲ...အိမ်မှာခိုင်းတဲ့လူတွေရှိရဲ့သားနဲ့..."

"ဟ..ဒီရက်ပိုင်းက အခါရက်မလား...အိမ်ကလူတွေကိုပြန်လွှတ်တာဘယ်သူမှရှိမနေဘူးဆို...ပြီးတော့ဆက်အဖေနဲ့အမေကလည်းကလောဘက်ကိုသွားတယ်တဲ့လေ..အိမ်မှာအဲ့လိုခိုင်းဖို့ဆိုဆက်ပဲရှိတာမလား...ငါကလည်းမခိုင်းပါဘူး..လိုတယ်လိုပဲပြောတာသူ့ဘာသူသွားလုပ်တာ"

 ကျွန်တော်ချစ်သောမောင်💖💖Where stories live. Discover now