part32

3K 64 0
                                    

"ဆက်..ဘယ်လိုအစားအစာမျိုးကြိုက်တတ်လဲ..."

"ဟင်.."
ခုတင်ပေါ်မှာစာအုပ်ဖတ်နေသည့်ဆက်
မောင့်ရဲ့ရုတ်တရက်အမေးကြောင့်ဆက်မျက်နှာလေးသူန်မူန်သွားသည်။စောဏကဒက်ဒီပြောလိုက်လို့မောင်ကတာဝန်ဝတ္တရားအရမေးတာလား....။တာဝန်ကြောင့်သိချင်တာဆိုရင်တော့ဆက်အကြောင်းမမေးပါနဲ့လား..မောင်။

"ဥပမာ...အချို..အစိမ့်..အချဥ်.
အခါး..အဲ့လိုထဲကဘယ်လိုအရသာကိုကြိုက်တတ်လဲ "

"မောင်...ခင်ဗျားဘာလို့သိချင်တာလဲ ပြောလေ
..."

"ဆက်အကြိုက်တွေကို ကိုဒီနေ့ ကစပြီးကိုစ ကြိုက်မို့.."

"တာဝန်ကြောင့်လား..ဝတ္တရားကြောင့်လား."
ဆက်ဖတ်နေသည့်စာအုပ်ကိုစားပွဲပေါ်လှမ်းတင်လိုက်ကာပြုံးရင်းပြောလိုက်သည်။
ဆက်အတွက် ယူလာသည့်နွားနို့ကိုဆက်ကိုကမ်းပေးရန်ပြင်နေသည့် တိမ်တံတိုင်း စိတ်မကောင်းဖြစ်သွား၏။ဆက်နားလည်မူ့လွဲတာကိုသူဘယ်လိုရှင်းပြရပါ့...။

"ဆက်ကြိုက်တဲ့အရာမှန်သမျှကို ကြိုက်ပြီးသားမလို့...အရင် ဆက်အသိုင်းအဝိုင်းကိုကိုအထင်သေးခဲ့တာမှန်တယ်...ခုချိန်မှာကိုကအဲ့ဒီလိုအသိုင်းအဝိုင်းထဲကလူတစ်ယောက်ပဲ..ခက်ခဲတဲ့အရာတွေဆက်လုပ်ရမယ်ဆိုရင်အဲ့အလုပ်တွေကိုပဲလုပ်မယ်. ဘာလို့လဲဆိုရင် ဆက်ကိုအန္တရ်များတဲ့အရာတွေထဲမှာပဲမရှင်သန်စေချင်လို့..."

"ချောက်ကမ်းပါးတစ်ခုပေါ်ရပ်နေရတဲ့ခံစားချက်ကို ခင်ဗျားသိလားဦးတိမ်တံတိုင်း ထိတွေ့နေရတယ်လို့ထင်ရပေမယ့် ရှေ့ဆက်တိုးရင်အန္တရာယ်ဖြစ်စေမယ့် အရာတွေပဲ ပြည့်နှက်နေတယ်..ခင်ဗျားကျွန်တော့်အတွက်အပူတပြင်းကြိုးစားစရာမလိုပါဘူး..ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးလိုက်တာနဲ့အရာအားလုံးကတိခနဲ့ပြတ်တောက်သွားလိမ့်မယ်..သံယောဇဥ်မရှိတော့ဘူး..အနှောင်အဖွဲ့တွေမရှိတော့ဘူး..."

ဆက်မောင့်ကိုအန္တရာယ်တောထဲပြေးမဝင်စေချင်တော့ဘူးမောင်...။မောင့်ရဲ့ဒဏ်ရာတွေသာဆက်အချိန်တိုင်းမြင်နေရရင် ဆက်သေလိမ့်မယ်..။ဒီအထိပဲ မောင် ရပ်လိုက်ပါတော့...။

 ကျွန်တော်ချစ်သောမောင်💖💖Where stories live. Discover now