part12

2.3K 47 0
                                    

"မောင်..ဆက်..လက်နာတယ်မောင်လွှတ်ပါဦး"

မောင့်လက်ကနေ..ဆက်လုံးဝမရုန်းနိုင်ခဲ့ပါ.. ။
ဆက်ဘယ်လောက်ပြောပြော တိမ်တံတိုင်း လက်ကိုလွှတ်မပေးခဲ့ပါ..။ခြံထဲကနေအိမ်ထဲထိထိုအတိုင်း လိုက်ပါသွားခဲ့သည်။

ခြံထဲကလူတွေရော..အိမ်ထဲကလူတွေပါဆက်..တို့အခြေအနေကြောင့်ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
ထိုအထဲမှာ ဒေါ်စန္ဒာသွင် နဲ့ ဦးအဂ္ဂကထိပ်ဆုံးက.. ။
ဘယ်တုန်းကမှသူများအနိူင်ကျင့်မခံခဲ့ရသည့်ကလေးက အခုသူများကပိုင်စိုးပိုင်နင်းလုပ်တာကိုခံနေရသည်လေ..။

ဒေါ်စန္ဒာသွင် အလန့်တကြားနောက်ကလိုက်မေးလိုက်သည်။

"ဟဲ့..ဟဲ့..ဘယ်လိုဖြစ်လာတာလဲ..သားဆက်"

"ကျွန်တော့်တို့နှစ်ယောက်ကိစ္စပါ အန်တီခွင့်ပြုပါဦး.."

တိမ်တံတိုင်း တင်းတင်းကိုင်ထားသည့် ဆက်..လက်ကိုမလွှတ်ဘဲလှည့်ပြောလိုက်၏။

"မင်း..စကားကိုအေး​ဆေးပြောလို့မရဘူးလား တိမ်တံတိုင်း မင်းအခုရောက်နေတဲ့နေရာကိုကြည့်လိုက်ဦး..မင်းစိတ်လိုက်မာန်ပါလုပ်လို့မရဘူးဆိုတာမင်းသိထား"

ဆိုဖာပေါ်ထိုင်နေသည့်ဦးအဂ္ဂ
တိမ်တံတိုင်း တို့ကိုကြည့်ရင်းပြောလိုက်သည်။သူ့ပိုင်နက်လာမစမ်းနဲ့လို့ ဆိုလိုက်သည့်စကားအဓိပ္ပါယ်ကို ယဥ်ကျေး၍သွယ်ဝိုက်စွာ
ပြောလိုက်သည့်ဦးအဂ္ဂစကားကြောင့် တိမ်တံတိုင်း ပြုံးလိုက်သည်။

ဆက်..ဒက်ဒီနဲ့ခင်ပွန်းဖြစ်သူကြားပြဿနာကြီးထွားသွားမည်ကိုစိုးမိသည်။ထို့ကြောင့်လည်းကာ၍ပြောလိုက်၏။

"ဒက်ဒီ..ကျွန်တော်ဆိုးမိတာပါ..ေမာင်ကကျွန်တော့်ကိုစိတ်ပူလို့ဒေါသထွက်နေတာပါ..ဘာပြဿနာမှကြီးကြီးမားမားမရှိပါဘူး "

မောင့်လက်ပေါ်ကိုထပ်ဆုပ်လိုက်ပြီးဒေါသလျော့ရန်အချက်ပြလိုက်သည်။

"မောင် သွားရအောင်နော်"

တိမ်တံတိုင်း မျက်မှောင်ကျုတ်လိုက်ပြီးဆက်ကိုပြန်ကြည့်လိုက်မိသည်။

မင်းဘာလို့ ငါ့အပေါ်ကာပေးနေရတာလဲ..ဆက်။
မင်းချပေးတဲ့လမ်းအတိုင်းငါ့ကိုလျှောက်စေချင်တာလား..။
ငါကရောလျှောက်မယ်လို့မင်းထင်နေတာလား..။

 ကျွန်တော်ချစ်သောမောင်💖💖Where stories live. Discover now