part25

2.1K 38 0
                                    

မိုးတွေကလည်း..မောင်သွားတဲ့ရက်ကတည်းကစွေလိုက်တာဘယ်အညှိုးနဲ့များအတိုးချရွာနေမှန်းမသိ...။
ရာသီဥတုကမကောင်းသည့်အတွက် ရွာနဲ့မောင်တို့သုတေသနအဖွဲစခန်းချသည့်နေရာနဲ့သိပ်မဝေးလှ ပေမယ့်...လမ်းတွေပျက်ဆီးနေ၍အသွားအလာလုပ်မဖြစ်...။
ဒီကြားထဲ ချောင်းရေပါကျနေသည်ဟု သူကြီးကပြောတော့ ဆက် ညတွေအိပ်မပျော်အောင်မောင့်ကိုစိတ်ပူနေမိသည်။
မောင်တို့စခန်းကချောင်းနဲ့နီးနေသည်မဟုတ်လား...။

"ကလေးလေးရေ...ကလေးလေးဖေဖေကပြန်မလာသေးဘူးကွယ်...ဒီမှာအရမ်းလွမ်းလှပြီ.."

ဆက်ဗိုက်ပူပူလေးကိုပွတ်ရင်းရွာလမ်းဘက်ကိုလည်းကြည့်ရင်းပြောလိုက်သည်။
မြန်မြန်အပြင်လော​က ကိုရောက်လာခဲ့ပါတော့ကလေးရေ....တွေချင်လှပြီ...။

"ဆက်...မနက်ဖြန်ဆိုအဆောက်အဦးလည်းပြင်ပြီးပြီငါတို့ပြန်တော့မလား.."

ရွာလမ်းဘက်ပဲကြည့်နေသည့်ဆက် ဘေးကိုဝင်ထိုင်ရင်းမင်းရန်မေးလိုက်သည်။ဘာမှမစားမသောက်နဲ့ လင်ဖြစ်သူပဲနေတိုင်းမျှော်နေတတ်သည့် ဆက်ကို ဘာမှမပြောချင်တော့..လက်မိူင်ချထားရသည်မလား...။

"ဆက်...ပြောနေတယ်ပြန်တော့မှာလားလို့"

လမ်းဘက်သာကြည့်နေသည့် ဆက်ကို မင်းရန်စိတ်မရှည်ဟန်ထပ်မေးလိုက်သည်။.

"ငါကြားပါတယ် မင်းရန်..ငါမပြန်သေးဘူး..မင်းတို့ပြန်ချင်သပ့ဆိုလည်းပြန်လို့ရတယ်..ဒီနေ့မောင်ပြန်လာမယ်လို့ပြောထားတာ..မောင်ပြန်လာလို့ငါ့ကိုမတွေ့ရင်ဘယ်လိုလုပ်မလဲ..မောင်စိတ်ဆိုးသွားရင်ဘယ်လိုလုပ်မလဲ.."

ဆက်စကားကြောင့် မင်းရန်မျက်ခုံးပင့်၍..

"ဘာလဲ ဆက်..မင်းသူ့ကိုခွင့်လွှတ်လိုက်ပြီလား.."

ဆက် မေ့ထားသည့်အရာတစ်ခုကိုပြန်နိူးဆော်လိုက်သလိုဖြစ်သွား၍ စိုးရိမ်နေသည့်ဆက်မျက်နှာလေးတည်သွားသည်။ပြီးတော့ခေါင်းရမ်းရင်း...

"ငါ..မောင့်ကိုခွင့်လွှတ်ပြီးသားပါ မင်းရန်..မင်းတို့အထင်လွှဲနေတာက ငါကမောင့်ကိုမုန်းနေတယ်လို့ဆိုပြီးတော့လေ...မောင်နဲ့ပက်သက်တဲ့ခံစားမူ့တွေထပ်ခံစားရမှာကိုငါကြောက်နေလို့ မောင့်ကိုလက်မခံရဲသေးတာပါ..."

 ကျွန်တော်ချစ်သောမောင်💖💖Where stories live. Discover now