part33(final)

6K 85 5
                                    

ဆက် မနိုးသောအိပ်စက်ခြင်းတွေနဲ့အိပ်စက်သွားရင်ကောင်းမှာပဲ မောင်ရယ်...။
ဆက် ရှေ့လျှောက်သွားမယ့်လမ်းတွေကမောင် မရှိလို့မဖြစ်တာမလို့...။

နံရံမျက်နှာကျက်ဖြူဖြူလေးကိုစတွေ့လိုက်ရတဲ့အချိန်..ဆက်က မလျှောက်ချင်တဲ့လမ်းပဲ ဆက်လျှောက်ရမယ်ဆိုတာသိနေခဲ့တယ်...။
ဆက်မတွေးရဲဘူး...။
ဆက် ဘယ်သူ့ကိုမှဆက်မမေးရဲဘူး...။
မောင်နဲ့ပက်သက်တဲ့အကြောင်းကို...။
ဆက်ကြောက်တယ်...မောင်နဲ့ပက်သက်တဲ့ဝမ်းနည်းစရာအကြောင်းတွေကိုဆက်မကြားရဲဘူး။

"ဆက်..နိုးပြီလား...ဘယ်လိုနေသေးလဲ..ဆက်.ငါခေါ်နေတာကြားလား..."

မင်းရန်က ဆက်ပုခုံးကိုလူပ်ပြီးမေးလာသည်။
ဆက်ပြန်မဖြေပါ...။

"အီး..ဟီး..ဟီး.."

ဆက်မျက်နှာပေါ်လက်ကိုအုပ်ပြီးငိုချလိုက်သည်။
အချိန်အတော်ကြာထိ...။ငိုပြီးတာတောင်မျက်ရည်ကအသွင်သွင်ကျနေတုန်းပဲ...။
ဘယ်သူမှဆက်ကိုမမေးရဲကြသလို...ဆက်စိတ်အခြေအနေကောင်းတဲ့အချိန်ထိစောင့်နေကြတာဖြစ်နိူင်သည်။

"ဆက်..မငိုတော့နဲ့နော် တော်လောက်ပြီ..မင်းအရမ်းပင်ပန်းနေပြီ..တိမ်တံတိုင်း အတွက်လည်းစိတ်ပူမနေနဲ့တော့ စောင့်ကြည့်အခြေအနေဆိုပေမယ့် မျှော်လင့်ချက်ရှိပါသေးတယ်..."

ဆက် အံသြသွားသည်။
မောင်..ကဆက်လက်ထဲမှာသွေးတွေကြားမှာနစ်နေခဲ့တာ...။ဆက်လက်မှာမောင့်သွေးတွေတောင်စွန်းနေတုန်း..။
မောင်..မောင်မသေဘူးပေါ့..။
မောင်အသက်ရှင်နေသေးတယ်...။
မောင် ဆက်ကိုထားပြီးထွက်မသွားဘူး။

"မောင်...မောင်ဘယ်မလဲ..မင်းရန်..ငါမောင့်ဆီသွားမယ်"

ဆက်ဝမ်းသာစွာဖြင့်ကုန်းထလိုက်သည်။
လက်မှာသွင်းထားသည့်ဆေးပိုက်ကို ဆွဲဲဖြုတ်ပြီးအခန်းအပြင်ကိုပြေးထွက်ခဲ့သည်။

ပြီးတော့ ဆက်အရူးတစ်ယောက်လို အခန်းတိုင်းလိုက်ရှာနေမိသည်။
မောင်ရေ...မောင်ဘယ်မှာလည်း..။
မောင်..တွေ့ပါပြီအရေးပေါ်ခန်းမှာဆေးပိုက်တွေတန်းလန်းနဲ့
ဆက်အပြင်မှမှန်ကနေမောင့်ကိုကြည့်ပြီး မျက်ရည်ကျနေမိသည်။

 ကျွန်တော်ချစ်သောမောင်💖💖Where stories live. Discover now