part30

1.8K 35 0
                                    

"တိမ်တံတိုင်း ဘယ်လိုနေသေးလဲ..ဆိုးပေ"

ဦးအဂ္ဂဖတ်လက်စ သတင်းစာအဆုံးသတ်ရင်း ဘေးမှာရှိနေသည့်လူယုံ ဆိုးပေကိုမေးလိုက်၏။

"မစိုးရိမ်ရပါဘူး..ေဘာစ့်..ဘောစ်ခိုင်းသလိုပဲကုပေးတဲ့ဆရာဝန်ကို အမာရွတ်မကျန်အောင်အတတ်နိူင်ဆုံးကုပေးဖို့ ပြောထားပါတယ်.. နောက်ပြီးဘယ်လောက်ကုန်ကုန်ဆိုတာပါထည့်ပြောထားပါတယ်.."

ဦးအဂ္ဂ လက်ကာတားလိုက်သည်။

"တော်ပြီ...တော်ပြီဒီလောက်ဆိုရပြီ..ငါခိုင်းတဲ့အတိုင်းလုပ်ထားတယ်ဆိုပြီးသာပဲ..."

စိုးရိမ်လို့၍တော့မဟုတ်....။
အရင်ရက်တွေကကြိုးစားပမ်းစားအလုပ်လုပ်ထားတာမလို့....။
အလုပ်ရှင်တစ်ယောက်အနေနဲ့ဂရုစိုက်ခြင်းသာ...။

"မင်းသွားလို့ရပြီဆိုးပေ...သူ့နောက်ကိုဆက်လိုက်ထား..အဲ့ကောင်ကမလည်မဝယ်နဲ့ ဒီနေ့လိုအဖြစ်အပျက်မျိုးထပ်ကြုံရင် သူ့အတွက်အန္တာရာယ်ရှိနိူင်တယ်.."

"ဟုတ်..ဘောစ့်"

အခုတလော သူတို့ဂိုဏ်းရဲ့ရန်ဘက်စကော်ပီယန်ဂိုဏ်းကကောင်တွေခြေရူပ်နေသည့်အတွက်အိမ်တော်ကရှိတဲ့လူများအားဂရုပြုစေခြင်းသာ...။
ကိုယ်တိုင်ကမကြည်သော်လည်း ထိုသူသည်မိမိသား၏ခင်ပွန်းမလား...။
ဘယ်လောက်မုန်းပါသည်ပြောပြောကာယကံရှင်ကအနားကလူကိုမဖယ်ထုတ်သရွေ့ကြားဝင်မရသည့်အခြေအနေကို ဦးအဂ္ဂ ကောင်းစွာသိ၏။
မိမိသားကိုယ်တိုင်၌က မပြတ်နိူင်သေးတာမလား...။

"ယောက်ျားရေ..ဒါလင်..."

စာကြည့်ခန်းထဲဝင်လာသည့်ဒေါ်စန္ဓာသွင် ကိုမြင်သည်နှင့်ဦးအဂ္ဂ ဖက်ရန်ပြင်လိုက်၏။
သို့သော်ဖက်မည်ဆိုသည့်အကြံကမအောင်မြင်ဘဲနားရွက်ကိုလိမ်ဆွဲခံလိုက်ရသည်။

"အား..မိန်းမ.. ဟန်နီ လက်လွန်ကုန်မယ်နော်...အ..".

"ပြောစမ်းပါဦး ရှင်ကျုပ်မရှိတဲ့အချိန် ဘာတွေလျှောက်လုပ်နေတာလဲ ဟမ်...မင်းရန်ပြောပြတာ .ရှင်တိမ်တံတိုင်းကိုဂိုဏ်းကအလုပ်တွေလုပ်ခိုင်းနေတယ်ဆို...အဲ့အကြောင်းကိုသာ သားဆက်သိသွားရင်ဘယ်လိုလုပ်မလဲ...ရှင်တော်တော်ဂြိုလ်မွှေပါ့ကော အဖိုးကြီး."

 ကျွန်တော်ချစ်သောမောင်💖💖Where stories live. Discover now