part28

2.6K 49 0
                                    

ဆက်.. အလင်းရောင်စူးစူးကြောင့် နိုးလာခဲ့ပြီးမျက်ဝန်းလေးပွင့်လာခဲ့သည်။
မောင်နဲ့ဆက်ရဲ့အရင်ကအခန်းလေးထဲမှာ ဆက်ပြန်ရောက်နေခဲ့တယ်...။
ကောင်းပြီးအေးစက်တဲ့အငွေ့အသက်ပဲခံစားရတဲ့အခန်း....။
မနေ့ကပန်းခြုံထဲမှာ ဆက်မေ့လဲသွားတာကိုသိလိုက်ပေမယ်..ဆက်ကိုဒီ‌ေနရာခေါ်လာတာကိုတော့ဆက်မသိလိုက်...။
​ေနအလင်းရောင်ကိုဘယ်လက်နဲ့ကာရင်း ထရန်ပြင်လိုက်သည်။သို့သော်တန်းထမရ...ဆက်လက်ကိုတင်းအောင်ဆုပ်ကိုင်ထားသည့် မောင့်ရဲ့လက်တွေကြောင့်...။ မောင်ကအိပ်ပျော်နေရင်း ဆက်လက်ကိုဆုပ်ကိုင်ထားသည်တဲ့...။
မောင့်အချစ်တွေကိုဆက် မယုံတော့ဘူး...။

ဆက်ကြောက်တဲ့အရာတွေကခဏခဏပဲပြန်ဖြစ်နေတယ်...။
မောင်ဘယ်လောက်တောင်းပန်ပန် ဆက်ခွင့်မလွှတ်တော့ဘူး...။
မုန်းတာကပြန်ချစ်လို့ရအောင်လုပ်လို့ရတယ်မောင်..စိတ်နာတာကပြန်ချစ်အောင်လုပ်လို့မရဘူး...။
မောင့်ကိုမုန်းတာမဟုတ်ဘူး...မောင့်ကိုဆက်ကစိတ်နာသွားတာ...။
ဆက်ထိုလက်တွေကိုဆွဲခွာ၍ဖယ်လိုက်သည်။

"ဟင်...ဆက်..နိုးပြီလား..မနက်စာစားတော့မလား..ကိုတစ်ခုခုလုပ်ပေးရမလား..ဘာစားချင်လည်း"

"ဆက် အိမ်ပြန်ချင်တယ် လိုက်ပို့ပေးပါ..ဆက်ဒီနေရာမှာမနေချင်တော့ဘူး"

ဆက် မောင့်ရဲ့မျက်နှာကိုတစ်ချက်မှပြန်ငဲ့မကြည့်တော့ပါ..။
မောင်သက်ပြင်းချလိုက်တာလည်းမြင်ပါသည်။
မောင်မျက်ရည်ကျတာကိုရော..ဆက်မျက်နှာလွှဲထားပေမယ့် တစ်ဖက်ကမှန်ထဲမှာမြင်နေရပါသည်။

မောင့်ကိုဒီတစ်ခါခွင့်လွှတ်ပေးမိရင်နောက်လည်း ဆက်အပေါ်အဲ့လိုအပြုအမူတွေထပ်လုပ်ဦးမှာပဲ.။

ဆက်မောင့်ကိုဘယ်တော့မှမယုံကြည်တော့ဘူး...။

"ဆက်....ခဏလောက်ကို့ဘက်ကိုကြည့်ပေးလို့ရမလား...ကိုစကားနည်းနည်းလောက်ပြောချင်လို့ပါ..ကို့ကိုခွင့်လွှတ်ပါလို့လည်းမတောင်းဆိုတော့ပါဘူး..ကိုမင်းကိုအိမ်ပြန်လိုက်ပို့ပေးပါ့မယ်...ခဏလေးတင်ကို့ဘက်လှည့်ပေးပါ...ခဏလေးတင်ပါ"

ဆက် ဒီနေရာကနေအမြန်ဆုံးထွက်သွားချင်နေပြီ...။ဆက် သက်ပြင်းချလိုက်ကာ ေမာင့်ဘက်ကိုလှည့်ကြည့်လိုက်သည်။
အမြဲတမ်း ဥပေက္ခာပြုချင်တာတောင် မောင့်ကြောင့်ပဲ အဲ့ဒီအကြံစည်တွေကပျက်ဆီးရတယ်လေ...။

 ကျွန်တော်ချစ်သောမောင်💖💖Where stories live. Discover now