part20

1.8K 41 0
                                    

"ဆက်ကို လွှတ်ပါ...မောင်ရယ်...ဆက်လက်တွေနာလှပြီ"

ဆက်ရဲအသနားခံမူ့ကဘယ်တုန်းကအသုံးဝင်ဖူးလို့လဲ...မောင်ကအခန်းထဲရောက်သည်အထိလက်ကိုတင်းနေအောင်ဆွဲပြီးခေါ်သွားခဲ့သည်ပဲ...။

"မင်းကို အပြင်တွေသိပ်မထွက်နဲ့လို့ငါမပြောခဲ့ဘူးလား ဆက်"

"ဆက်လေကောင်းလေသန်ရူဖို့သွားတာပါ...ဆက် မောင်မကြိုက်ရင်မသွားတော့ပါဘူး"

သူ့စကားအားလုံးကိုအကုန်လုံးဖြည့်ဆည်းသည့်စကားကိုသာ ဆက်ကဆိုလာသည့်အတွက်တိမ်တံတိုင်းဘာကိုဆက်ပြောရမလဲမသိအောင်ဖြစ်သွားရင်းဆွဲထားသည့်လက်ကိုလွှတ်လိုက်သည်။

"မင်းနေမကောင်းဖြစ်နေတာ..ဘယ်မှလျှောက်မသွားနဲ့  မင်းတစ်နေရာရာလဲနေလို့ ရှိရင် ငါ့အပြစ်လို့လူတွေကပြောကြမယ်..မင်းကမင်းအတွက်မင်းပဲကြည့်တတ်တယ်"

တိမ်တံတိုင်း စကားလှလှတွေမပြောတတ်ပါ..။ ဆက် နဲ့ပက်သက်ရင်အရာရာစိုးရိမ်တတ်သည့်သိူတ်ကိုလည်းသူမနိူင်..။အိမ်ပြန်ရောက်လို့ ဆက် ကိုမတွေ့ရင်ကိုသူ့ရင်မှာပူလောင်နေရ၏။ဆက်ကိုထပ်ပြီး ဆေးတွေမသုံးစေချင်....။ခိုးသုံးနေတာသိပေမယ့်လည်း အပြင်ထက်စာရင်အိမ်က စိတ်ချရသည်မို့ အိမ်မှာသာနေခိုင်းခဲ့ခြင်းပင်...။

"မင်းထမင်းစားပြီး​ြပီလား..ဆက်"

သူဆူသမျှမျက်နှာငယ်နဲ့လေးနဲ့ပဲတုန့်ပြန်တတ်သည့် ဆက်ကိုကြည့်ရင်း တိမ်တံတိုင်း စကားလမ်းကြောင်းလွှဲလိုက်၏။
ဆက်အခုတစ်လော ထမင်းမစားသည့်အချိန်တွေကားအများကြီး...။အစာမစားဘဲဆေးသုံးနေလျှင်ဒီ့ထက်ပိုဆိုးမှာ သူစိုးရိမ်သည်။

"ဟင့်အင်မောင်..ဆက်မစားချင်ဘူး"

"ရေချိုးပြီးရင်ထမင်းစားခန်းထဲလာခဲ့အတူတူစားမယ်"

တိမ်တံတိုင်း ပြောပြီးအခန်းအပြင်ထွက်သွားသည်။
ဆက်ထမင်းဘာလို့မစားတာလဲ..။နေမကောင်းဘူးလား...။ အဲ့လိုလေးတောင်မပြောနိူင်ဘူးလားမောင်ရယ်...။ဆက်စားချင်လား...မစားချင်ဘူးလား...ဆက်အဖြေကိုတောင်မောင်မစောင့်ဘူး...။
ရှေ့လျှောက် ဆက်ဗိုက်ထဲကကလေးလေးသာ အပြင်လောကထဲကိုရောက်လာခဲ့ရင်...မောင်အဲ့လိုပဲပြုမူနေဦးမှာလား....။
ဆက်အရမ်းတကိုယ်ကောင်းဆန်မိတယ်မောင်...။
ကလေးကို မရရအောင်ယူပြီးမောင့် အချစ်ကိုရယူဖို့ကြိုးစားခဲ့မိတယ်...။
ဒါပေမယ့် ဒီနေ့ကစပြီး လောဘမကြီးတော့ဘူးမောင်....။မောင်ပေးသလောက်နဲ့ပဲ ရောင်ရဲပါ့မယ်....။

 ကျွန်တော်ချစ်သောမောင်💖💖Where stories live. Discover now