part24

2.7K 45 0
                                    

"ထမင်းစားရအောင်..ဆက်"

"ဟင့်အင် ငါမစားချင်ဘူး...မင်းတို့ငါ့ကိုဘာလို့ဒီကိုလိမ်ခေါ်လာတာလဲ..ပြောစမ်းပါ"

ဆက် မင်းရန်နဲ့စိုးနိူင် ကိုစိတ်ဆိုးစွာပြောလိုက်သည်။ ဆက်အကြောင်းကိုသိနေသည့် မင်းရန်နဲ့စိုးနိူင် ဆက်ဘေးကိုရယ်ကျဲကျဲ ဝင်ထိုင်၍

". ဟီးဟီး..ဆက်..ငါတို့ကမင်းကို လိမ်ခေါ်လာတာမဟုတ်ပါဘူး..ဒီကျောင်းလေးကလည်းမင်းမြင်တဲ့အတိုင်းပဲ..အလှူရှင်လိုနေသလိုစေတနာဆရာဝန်လည်းလိုနေတယ်လေ..အဲ့ဒါကြောင့်ကိုတိမ်တံတိုင်း အကူအညီလာတောင်းတဲ့အချိန် နဲ့အကိုက်ဖြစ်သွားလို့ ငါမငြင်းလိုက်တာပါ..မင်းငါတို့ကိုစိတ်မဆိုးနဲ့နော်..."

"ဟုတ်ပါတယ်ကွာ..နှစ်ရက်သုံးရက်လောက်ပဲသည်းခံရမှာပါကွာ..သူလည်းမင်းကိုမနှောက်ယှက်စေရဘူး..ငါတို့ကတိပေးတယ်..."

မင်းရန်စကားကိုထပ်တူထောက်ခံရင်း ဆက် စိတ်ပြေရန် စိုးနိူင် ဝင်ပြောလိုက်သည်။
စိုးနိူင်နဲ့မင်းရန် ကို ဆက်စိတ်ဆိုးသော်လည်း ကျောင်းလေးရဲ့အခြေအနေနဲ့ ရွာရဲ့လိုအပ်ချက်ကြောင့် ခုနေပြန်သွားရင် အဆင်ပြေမည်မဟုတ်။
ဆက်သာ သူ့ကို မပက်သက်ဘဲနေရင်ဘာမှမဖြစ်နိူင်ဟုတွေးမိလိုက်သည်။
ထို့ကြောင့် သက်ပြင်းချ၍ ခေါင်းငြိမ့်လိုက်သည်။

"ေကာင်းပြီလေ..သူမနှောက်ယှက်စေရဘူးလို့မင်းတို့ကတိပေးထားတယ်နော်..မင်းတို့ကတိမင်းတို့တည်"

"အေးပါကွာ..စိတ်ချစမ်းပါ...ငါတို့သူငယ်ချင်းကို အဲ့လိုကောင်ဆီပြန်မပို့ဘူးစိတ်ချ.."

ဆက်ဘာမှမပြောတော့ဘဲမျက်စောင်းသာထိုးလိုက်၏။အခုတောင်သူတို့သစ္စာဖောက်လို့ဆက်ကဒီနေရာရောက်လာရတာမလား...။

ဆက် စိတ်ဆိုးနေသည်ကား ပြေလုလုဖြစ်သွားတာကြောင့် စိုးနိူင်နဲ့မင်းရန် ပြုံးရယ်ကာပြောလိုက်သည်။ကတိကတော့ဘယ်အချိန်ပေးပေး..အဓိက ကနောက်မှတည်ချင်တည်မတည်ချင်နေ သူတို့ကိစ္စမလား...။

"ဆက်.."

ဆက်ကဝရံတာမှာထိုင်နေတာဖြစ်သည့်အတွက့် အောက်ကလှမ်းခေါ်လိုက်သည့်အသံကြောင့် ငုံကြည့်မိလိုက်သည်။

 ကျွန်တော်ချစ်သောမောင်💖💖Where stories live. Discover now