part16

1.6K 37 0
                                    

ရေချိုးပြီးအဝတ်လဲဖို့ပြင်နေသည့်မောင့် နားသို့ သွားပြီးအင်္ကျီနဲ့ဘောင်းဘီထုတ်ပေးလိုက်သည်။
ဆက်ထုတ်ပေးသည့်အနက်ရောင်တီရှပ်နဲ့ ဂျင်းဘောင်းဘီကို မောင်က အလိုမကျဟန်ကြည့်၍..

"နာရေးသွားမှာမှမဟုတ်တာ..သူငယ်ချင်းတွေနဲ့တွေ့မှာ"

သြော်..ဟုတ်သား..မောင်သူငယ်ချင်းတွေနဲ့တွေ့မှာပဲ..။ဒါပေမယ့် အရင်ကလည်းအနက်ရောင်ကိုမောင်က စွဲစွဲမက်မက်ဝတ်လေ့ရှိတာကြောင့် ဆက်ထုတ်ပေးမိခြင်းပင်...။ဆက် ဗီရိုရှေ့အမြန်သွားပြီးမောင်နဲ့လိုက်မယ့်အရောင်ရှာလိုက်၏။အကုန်လုံးကမောင်နဲ့လိုက်မယ့်အရောင်တွေချည်းပဲ..။အပြာရောင်..အပြာနုရောင်၊ နီညိုရောင်...အနက်ရောင်၊အနက်ရောင်တွေကများသည်။
ဆက်ခေါင်းကဆံပင်ကောက်ကောက်လေးကိုကုတ်လိုက်သည်။စဥ်းစားမရတာနဲ့မောင့်ဘက်လှည့်၍မေးလိုက်သည်။

"မောင်ဘယ်အရောင်ဝတ်မလည်း..ဆက် စဥ်းစားရခက်နေလို့.."

တိမ်တံတိုင်း မျက်မှောင်ကျုတ်၍ ဆက်အနားကိုလျှောက်လာသည်။

"နေ ငါ့ဘာသာရှာလိုက်မယ်.."

ဆက် အထက်ကနေအုပ်မိုးနေသည့် ရှည်လျားသည့် မောင့်အရပ်ကြောင့်မောင့်ကိုမော့ကြည့်ရင်းငေးနေမိ၏။မောင်ကအရမ်းချောတာပဲ...ရင်အုပ်ကျယ်ကြီးလည်းရှိတယ်..ဗိုက်ကကြွက်သားတွေကလည်းမျက်နှာချင်းဆိုင်မြင်နေရသည်။
ပြီးတော့ခါးအောက်ပိုင်း.....

"ဖယ်လေ..ငါအဝတ်ရှာမလို့.."

မောင့်အသံကြောင့်ငေးနေမိသည့်ဆက်အသိပြန်ဝင်လာ၏။
ဟုတ်သား ဗီရိုရှေ့မှာပိတ်ရပ်နေခဲ့တာပဲ။
ဆက်ရို့ရို့လေးဘေးဖယ်ပေးတော့ တိမ်တံတိုင်း ဗီရိုထဲက တွေ့တဲ့အင်္ကျီကိုဆွဲဝတ်လိုက်သည်။
ကြည့်ပါဦး... ။ဆက်ကိုသာပြောသည် မောင်တကယ်ဝတ်လိုက်တော့လည်း အနက်ရောင်ပဲ..။
ဆက် အကြည့်ကို သိနေသည့်အလား..တိမ်တံတိုင်း ကိုယ့်အင်္ကျီကိုကိုယ့်ဘာသာငုံ့ကြည့်၍

"ထားလိုက်ပါတော့..ဒီအရောင်ပဲကောင်းပါတယ်"

ပြီးစလွယ်ကြည့်ရင်းပြောလိုက်သည်။ဘာလုပ်လုပ်ဇီဇာကြောင်တတ်သည့်မောင့်ကို ဆက် ဘာမှမပြောတော့ဘူး ပြုံး၍သာကြည့်လိုက်သည်။

 ကျွန်တော်ချစ်သောမောင်💖💖Where stories live. Discover now