part2

2.4K 60 0
                                    

ဆေးခန်းမှာ မင်းရန် နှစ်ရက်လောက်နေလိုက်ရသည်။ဒဏ်ရာကမပြင်းထန်ပေမယ့် သူ့သွေးသူမြင်ပြီးရှော့ရသွားကာမေ့သွားခြင်းဖြစ်သည်။
ခုလည်းကြည့်လေလူနာလို့သာပြောသည် အစားနဲ့ပါးစပ်ကမပြတ်။

စားလိုက်သောက်လိုက်ကြားထဲဆေးလေးပါခိုးရူလိုက်နဲ့ဟုတ်နေလေရဲ့..။

"ဆက်..မင်းစုံစမ်းခိုင်းထားတဲ့လူလေ ဟိုဒေါက်တာ အကြောင်းလေ"

စိုးနိုင် အမောတကောနဲ့အခန်းထဲဝင်လာသည်။
ပြောမည့်စကားကိုတန်းမပြောဘဲ ဝေ့လည်ကြောင်ပတ်စကားပုလ္လင်ခံနေသည့်စိုးနိူင်ဗိုက်ကိုလက်သီးနဲ့လှမ်းထိုးလိုက်သည်။

"အ.."

စိုးနိူင်နာချင်ယောင်ဆောင်သည့်ပုံဖြင့်ရူံ့မဲ့ပြ၏.

"အေး..ပြောမယ့်စကားကိုသာမြန်မြန်ပြောစမ်းပါ ငါစိတ်မရှည်တော့ဘူး".

"ဖြည်းဖြည်းမေးပါပြောပါ့မယ်သူ့နာမည်ကတိမ်တံတိုင်း နိုင်ငံခြားကနေဒေါက်တာဘွဲ့ရပြီးပြန်လာတာမကြာသေးဘူး သူ့အသိုင်းအဝိုင်းကဆွေကြီးမျိုးကြီးပဲကွ ကျောက်မြတ်ကုမ္ပဏီကိုပိုင်တာ ပြီးတော့သူမိဘနာမည်ကဦးမိုးတိမ်နဲ့ ဒေါ်မြတ်သိရိရတနာတဲ့.."

"တော်တော်..အဲ့ဒါတွေငါအကုန်သိပြီးသား"

ဆက်လိုချင်သည့် အကြောင်းအရာမဟုတ်သည့်အတွက်လက်ကာတားလိုက်သည်။
မနက်ကမှ သူနာပြုအမကိုမေးထားသည့်အတွက်အဲ့အကြောင်းအရာတွေကဆက်သိချင်သည့်လိုရင်းမဟုတ်။

"ငါသိချင်တာကသူ့မှာဆိုင်သူရှိနေပြီလားမရှိဘူးလားဒါပဲသိချင်တာ"

မင်းရန်သောက်နေသည့်အချိုရည်ကို စိုးနိူင် ဆွဲယူသောက်လိုက်သည်။လုပ်ပြန်ပြီစိုးနိုင် သောက်ကျင့်ကမပြောင်း လူကိုစိတ်မရှည်အောင်လုပ်နေတယ်။

"ပြန်ပေး ငါ့ဟာ"

မင်းရန် ပြန်ဆွဲလုပြီးပြန်သောက်၏။
ဆက်သူတို့နှစ်ယောက်ကိုစိတ်ပျက်စွာကြည့်ရင်း

"ပြောမှာလား..ဒီတစ်သက်ပြောဦးမှာလား စိုးနိုင်"

"ပြောမှာပေါ့ မင်းကလည်း စိတ်ကိုမရှည်ဘူး သူ့မှာမိဘတွေသဘောတူထားတဲ့လူတော့ရှိတယ် ဒါ‌ေပမယ့်.."

 ကျွန်တော်ချစ်သောမောင်💖💖Where stories live. Discover now