part23

2.7K 48 0
                                    

"ဆက်...ဆက်..မင်းရှိလား..ဆက်"

အိမ်ထဲသို့ကမူးရူးထိုးဝင်ရောက်လာသည့် တိမ်တံတိုင်း ကြောင့် black အိမ်တော်ထဲမှလူများအားလုံးရုတ်ရုတ်သဲသဲဖြစ်သွားသည်။သူ့ကိုဝင်တားသည့် ကိုရံတော်တွေကိုလည်း တိမ်တံတိုင်း စောင့်တွန်းပစ်လိုက်သည်။

"ဆက်...ဆက်..မင်းရှိနေရင်ကိုနဲ့ပြန်လိုက်ခဲ့ပါကွာ..."

တစ်ယောက်နဲ့အများအားမို့ တိမ်တံတိုင်း ဘက်ကဒဏ်ရာသာရနေသည်။ရုတ်ရုတ်သဲသဲ ဖြစ်သည့်အသံကပိုကျယ်လောင်နေသလို...ထိခိုက်ဒဏ်ရာကလည်း နှစ်ဘက်လုံးရကြသည်။

"ဆက်...ကို..မှားပါတယ်...ကိုတောင်းပန်ပါတယ်..မင်းကျေနပ်တဲ့အထိ လည်းကိုတောင်းပန်ပါ့မယ်..ကိုနဲ့ထွက်တွေ့ပါဆက်"

အိမ်အပေါ်ထပ်ခန်းမှာရှိနေတဲ့ဆက် အခန်းဒေါင့်မှာဒူးတုတ်ထိုင်လိုက်ပြီးနားကိုတင်းနေအောင်ပိတ်ထားလိုက်သည်။
မဟုတ်ဘူး...။မောင် ကဆက်ကိုမချစ်ဘူး...။မောင်ကဆက်ကိုအဲ့လိုပဲပြောပြီးထားသွားမှာပဲ..။
မယုံဘူး..ဆက်ကြောက်တယ်...မောင်ထပ်ပြီးဆက်ကိုထားသွားမှာကြောက်တယ်...။
ေမာင်မရှိတဲ့ ဘဝမှာ ဆက်အသားကျဖို့ဆက်ကြိုးစားနေတာပါ...။
မောင် သွားပါတော့...။

"အားလုံးရပ်လိုက် "

ဦးအဂ္ဂရဲ့သြဇာညောင်းသည့်အသံ...။
ရုန်းရင်းဆန်ခတ်အခြေအနေကိုရပ်တန့်စေပြီး တိမ်တံတိုင်း ကိုဆွဲထားသည့်ကိုရံတော်တွေလည်းဘေးဖယ်သွားကြသည်။
ဦးအဂ္ဂနဲ့ဒေါ်စန္ဒာ... တိမ်တံတိုင်း ကိုဒေါသထွက်နေသည့်အကြည့်ဖြင့်ကြည့်လိုက်ကြသည်။

"ဒီမှာ. မောင်ရင်ဒီနေရာက ဘယ်သူ့နေရာလည်းဆိုတာသိလား..မင်းရိုင်းရိုင်းစိုင်းစိုင်းမပြုမူပါနဲ့"

"အန်ကယ်..ကျွန်တော်ဆက်ကိုပြန်လာခေါ်တာပါ..ဆက်ကိုကျွန်တော်ပြန်ခေါ်သွားပါရစေ"

စကားပြောတာပိုင်စိုးပိုင်နင်းဆန်သည့်တိမ်တံတိုင်းအပြောကြောင့်ဦးအဂ္ဂမဲ့ပြုံးပြုံးလိုက်သည်။

"ဟ..မင်းစကားကပိုင်စိုးပိုင်နင်းနိူင်လှချည်လား..တိမ်တံတိုင်း ...ဆက်ကမင်းနဲ့ကွာရှင်းပြီးသားဖြစ်တဲ့အတွက်..မင်းပြန်ခေါ်ချင်တိုင်းခေါ်မရဘူးကွ"

 ကျွန်တော်ချစ်သောမောင်💖💖Where stories live. Discover now