part17

1.6K 40 0
                                    

"ဆက်..သေချာစဥ်းစားပါဦး တကယ်လုပ်မှာသေချာလား..ဒီသုတေသနကအခန့်မသင့်ရင် အသက်အန္တရာယ်ပါရနိူင်တယ်နော်..နာလည်းနာကျင်ရမယ်"

ကိုသက်တန့်ပြောနေတဲ့စကားတွေကဆက်နားထဲမဝင်ရောက်နိုင်ပါ..။ဆက်သေချာဆုံးဖြတ်ပြီးသားမလို့..ခေါင်းသာအသွင်သွင်ငြိမ့်နေမိသည်။

"ကျစ်....ဒီအကြောင်းကိုရောတံတိုင်းသိလား..."

တံတိုင်းသိရင်တားမှာသေချာသည်။ ဆက်ဆုံးဖြတ်ချက်မချခင် တံတိုင်းဆီဖုန်းဆက်ရန်ပြင်လိုက်၏။

"ကိုသက်တန့် ....မောင့်ကိုမပြောပါနဲ့ဆက်တောင်းပန်ပါတယ်.."

ဖုန်းဆက်ရန် ပြင်နေသည့်ကိုသက်တန့်လက်ကိုဆက်ဖမ်းဆွဲပြီးတားလိုက်သည်။ဒီအကြောင်း မောင်သိလို့မဖြစ်။ဆက်ကို အချိန်တိုင်းအထင်သေးနေခဲ့သည့်မောင်က ဒီအကြောင်းတွေကိုလည်း သိပ်ဂရုစိုက်မည်မဟုတ်ဆိုတာ ဆက်သိသည်။

"ကျွန်တော် တောင်းပန်ပါတယ် ကိုသက်တန့် ခုကိစ္စက မောင့်ကိုမသိစေချင်လို့ပါ..ဖြစ်သမျှပြဿနာတွေကိုကျွန်တော်တစ်ယောက်ထဲတာဝန်ယူပါ့မယ်"

တောင်းပန်တိုးလျိုးနေသည့်ဆက်စကားတွေက သက်တန့်ကိုများစွာ သနားမိစေသည်။ပြီးတော့သုတေသနအတွက်ကလူလိုပေမယ့် ဒီကိစ္စကိုတံတိုင်းသာသိရင် သူခေါင်းပြုတ်မှာသေချာသည်။ ဆက်ပုံစံကို ေအကြာကြီးစိုက်ကြည့်လိုက်ပြီးသက်ပြင်းချလိုက်၏။

(ဝန်ခံချက်.....

လာမည့်စာအပုဒ်၌ပါဝင်မည့်ဆေးဘက်ဆိုင်ရာသုတေသနအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးယဥ်အကြောင်းအရာများသာဖြစ်၏။အပြင်ဆေးလောကကိုထိခိုက်စေလိုသည့်ရည်ရွယ်ချက်မရှိပါ...ဒီတိုင်းစာအရေးအသားဖြင့်သာ ဆိုသည့်စိတ်ဖြင့်ဖတ်ပေးပါရန်...

လေးစားစွာဖြင့်.. plearl💗💗)

"ဒီမှာဆက်....မင်းဒီသုတေသနကိုစလုပ်ပြီဆိုတာနဲ့အရာရာဂရုစိုက်ရမယ်...အပွင့်လင်းဆုံးပြောရမယ်ဆိုရင် ..မူးယစ်ဆေး..ရုတ်စွအဆုံး ဆေးလိပ်..ဘီယာတောင်မသောက်ရတော့ဘူး.ပြီးတော့ကျန်းမာအောင်နေရမယ်.."

 ကျွန်တော်ချစ်သောမောင်💖💖Kde žijí příběhy. Začni objevovat