part22

2.7K 55 0
                                    

"ဆက် မင်းအိပ်နေပြီလား.."

ခုတင်ဘေးမှာထိုင်ရင်း တိမ်တံတိုင်း ဆက်ကိုမေးလိုက်သည်။ဘာပြန်ဖြေသံမှမကြားပေမယ့် ဆက် မအိပ်သေးဘူးဆိုတာ သူသိသည်။ သူ့ကိုစိတ်ဆိုးနေသည်ထင်၏။ခန္ဓာကိုယ်ကိုအနည်းငယ်ရွေ့ပြီးစောင်လေးပြန်ခြုံသွားသည်။

"ဆက်.. ပြန်မဖြေဘူးဆိုရင် ကို သွားတော့မယ်"

တိမ်တံတိုင်း အခန်းအပြင်ဘက်ပြန်ထွက်ရန်ပြင်လိုက်သည်။သို့သော် ပြန်ထွက်မည့်သူ့ အင်္ကျီစလေးကိုမရဲတရဲဆွဲထားသည့်လက်သွယ်သွယ်လေး တစ်စုံကြောင့် သူရပ်တန့်သွားသည်။ဆက်ကို တိမ်တံတိုင်း ကြည့်လိုက်တော့ ညကမအိပ်ဘဲငိုထားသည်ထင်..မျက်လုံးလေးကို မို့အစ့်နေသည်။

"ဆက် အနားမှာခဏလောက်နေပေးလို့ရမလားမောင်...ခဏလေးတင်ပါ"

တိမ်တံတိုင်း ခုတင်ပေါ်တက်လိုက်သည်။ပြီးတော့ ဆက်ခြုံထားသည့်စောင်ကိုသူ့ပေါ်ဆွဲခြုံရင်း လှဲလိုက်သည်။
ကျောပေးထားသည့်ဆက်ကိုသူ့ရင်ခွင်ထဲဆွဲသွင်းပြီးတင်းတင်းလေးဖက်ထားလိုက်သည်။

"အရမ်းနွေးတာပဲ..မောင်..ဆက်အမြဲတမ်းမောင့်အနားမှာဒီတိုင်းလေးနေရရင်ကောင်းမှာပဲ.."

တိမ်တံတိုင်း ပိုတင်းနေအောင်ဖက်ထားလိုက်သည်။ဆက်ခေါင်းလေးကို တိမ်တံတိုင်း နမ်းလိုက်သည်။

"ညကမအိပ်ရသေးဘူးမလား..အိပ်တော့လေ"

"ဟင်အင်..ဆက်မအိပ်ချင်သေးဘူး...ဆက်အိပ်သွားရင်မောင်ကဆက်အနားကနေထွက်သွားမှာ"

အိပ်ရမည့်အရေးကို ဆက်အသည်းအသန်ငြင်းနေမိသည်။အိပ်ပျော်သွားမှာ ဆက်ကြောက်နေမိသည်။
ဆက်အိပ်ပျော်ပြီးပြန်နိုးလာရင် မောင်ကအရင်လိုပဲဆက်ကို စိမ်းသက်သက် ရက်စက်ဦးမှာကိုဆက်ကြောက်သည်။

"အိပ်..ကို ဘယ်မှမသွားတော့ဘူး..."

"အင့်ဟင်..ဆက်စကားပြောဦးမယ် မောင်နဲ့..."

"မောင်...ဆက်ကိုချစ်လားဟင်..."

". ............,. .."

"မောင်...ဆက်ကိုချစ်လားဟင် "

နှစ်ခါပြန်မေးလည်းထွက်မလာသည့်အဖြေအတွက် ဆက်ဘာသာအဖြေထုတ်ရင်း နာကျင်စွာပြုံးလိုက်မိ၏။ ဆက်အပြုံးတွေက အသက်မပါတော့ဘူးမောင်ရယ်...။မောင့်ဆီကအချစ်ကိုမျှော်နေတာကရူးနေလို့ပဲမလား...။

 ကျွန်တော်ချစ်သောမောင်💖💖Where stories live. Discover now