part14

2.2K 50 0
                                    

"မင်းနဲ့ငါ..နှစ်ယောက်တူတူတစ်ခုတင်ထဲမအိပ်နိူင်ဘူး..ငါမသတီဘူး"

ဆက်အတွက် အရမ်းဝမ်းနည်းတဲ့စကားပေမယ့်..မောင်ကအဖြောင့်ဆိုတဲ့အချက်နဲ့ရင်ထဲမှာပဲမြိုသိမ့်ရင်းသည်းခံလိုက်သည်။
ဟုတ်ပါတယ်လေ..ဆက်အတွက်တော့ဘာမှမထူးပေမယ့်..မောင့်အတွက်ကတော့ယောက်ျားနှစ်ယောက်ခုတင်တစ်ခုထဲအိပ်ဖို့ဆိုတာအရမ်းနေရခက်မှာပေါ့..။

"ဆက်..အောက်ဆင်းအိပ်ပေးမယ်လေ..မောင်ခုတင်ပေါ်ပဲအိပ်ပါ"

"အဲ့ဒါဆိုလည်းပြီးရောလေ..မင်းအိပ်နိုင်တယ်ဆိုရင်ပေါ့"

တိမ်တံတိုင်း ခပ်တိုတိုပဲပြော၍ရေချိုးရန် အင်္ကျီချွတ်လိုက်၏။ပြီးတော့တဘက်ကိုခါးပတ်ကာရေချိုးခန်းထဲဝင်ခဲ့သည်။
ရေပန်းကရေမူန်ရေမွှားတွေစကျလာချိန်စောဏကပြောခဲ့သည့်စကားကိုတိမ်တံတိုင်းပြန်စဥ်းစားကြည့်မိသည်။

ငါစကားလွန်များလွန်သွားပြီလား...။ဝမ်းနည်းသွားတဲ့ဆက်ရဲ့မျက်နှာကို ငါမြင်လိုက်တာခဏလေးကိုဘာလို့ ရင်ဘက်တွေကအောင့်နေရတာလည်း..။
တိမ်တံတိုင်း မင်းသူ့တစ်ပါးအားနည်းချက်ကိုနှိမ်ပြီးမပြောသင့်ဘူး..။

ဟာ...မသိတော့ဘူး..။ပြီးတော့မှအကြောင်းပြချက်ရှာပြီးသူ့ကို..ပြန်တောင်းပန်လိုက်မယ်..။

"ဟုတ်အန်ကယ်..အရင်ကိစ္စအတွက်ကျွန်တော်ဘက်ကတောင်းပန်ပါတယ်နော.."

". ..............."

"ဟုတ်..အားတဲ့ရက်တွေ့ကြမယ်လေ..ကျွန်တော့်အစွမ်းအစကိုအန်ကယ်သိတယ်မလား..."

". ................."

"ဟုတ်ကဲ့ပါခင်ဗျ..ဒါပဲနော..အန်ကယ်"

"တောက်.....။မင်းဘယ်အချိန်မှဒီလိုလုပ်ရပ်တွေကနေရပ်တန့်မှာလည်းဆက်.."

နောက်ကျောဘက်ကအသံကြောင့် ဆက်လှည့်ကြည့်လိုက်၏။
တိမ်တံတိုင်း မျက်နှာဒေါသကြောင့်ပိုခက်ထန်နေသည်။

"မင်းငါ့ကို ကတိပေးထားတယ်မလား..မင်းအဲ့ဒီ့အလုပ်တွေမလုပ်တော့ပါဘူးလို့..ခုအဲ့လူကြီးနဲ့ပလူးဖို့ ဘယ်မှာချိန်းထားလည်းပြောစမ်း ဆက်"

 ကျွန်တော်ချစ်သောမောင်💖💖Where stories live. Discover now