part29

1.7K 37 0
                                    

"ဆရာ..ဧည့်သည်ရောက်နေတယ်.."

သက်တန့် လူနာကြည့်နေသည့်အခန်းထဲသို့ သူနာပြုမနွယ်ရောက်လာပြီး ပြောသည်။
ဒီအချိန်ကြီးဘယ်ကဧည့်သည်လည်း..။

"ဝင်လာခိုင်းလိုက်ပါ..မနွယ်"

"ဟုတ်ကဲ့ဆရာ.."

မနွယ်ထွက်သွားပြီး..နောက် လျှာထိုးဦးထုပ်ဆောင်းထားသည့်လူတစ်ယောက်ခေါင်ငိုက်စိုက်ချကာဝင်လာသည်။
သူ့ဧည့်သည်တွေထဲမှာ ထိုလိုလူမျိုးမတွေ့ဖူးသည့်အတွက်ယောင်နနဖြစ်နေသည်။
ထိုလူကအခန်းထဲကထိုင်ခုံပေါ်ဝင်ထိုင်ပြီးဆောင်းထားသည့်ဦးထုပ်ကိုဆွဲချွတ်လိုက်၏။

"ဟာ....တိမ်တံတိုင်း "

မျက်နှာတစ်ခုလုံးအညိုအမဲစွဲနေပြီး..နဂိုရုပ်မမှတ်မိလောက်အောင်ကိုရစရာမရှိ..။
မနွယ်မမှတ်မိတာလည်းအံသြစရာမရှိ..။

"တိမ်တံတိုင်း မင်းဘာဖြစ်တာလဲ..မင်းမျက်နှာ..မင်းမျက်နှာဘာလို့အဲ့လောက် စုတ်ပြတ်နေရတာလဲ..ဆက်အဖေကရိုက်လွှတ်လိုက်တာလား..."

ပြာပြာသလဲ တိမ်တံတိုင်း မျက်နှာကိုကိုင်ကြည့်ကာ ပြောလိုက်၏။

"ငါဘာမှမဖြစ်ပါဘူး..သက်တန့်ငါခုလာတာ အကူအညီတောင်းစရာရှိလို့ပါ."

"ဘာလဲ မင်းကိုဆေးထည့်ပေးဖို့လား..လာငါခုဆေးထည့်ပေးမယ်"

အရက်ပြန်ဘူးကို ယူပြီးသူ့နားကပ်လာသည့် သက်တန့်လက်ကို ကြိုတားလိုက်သည်။

"အခုလာတာ ငါအတွက်မဟုတ်ဘူး..သက်တန့်..ငါ့ဒဏ်ရာကဘာမှမဖြစ်ဘူး.."

"ဟ..မင်းမျက်နှာဒီလောက်စုတ်ပြတ်နေတာ ဆေးထည့်မှဖြစ်မှာပေါ့ကွ..နေပါဦးမင်းခုလာတာမင်းအတွက်မဟုတ်ဘူးဆိုတော့ဘယ်သူ့အတွက်လဲ"

"ဆက်အတွက်...ဆက်ကိုအိုဂျီနဲ့သေချာပြဖို့ပြောပေးပါကွာ..ခုတလော..ဆက်ကသူ့ကိုယ်သူသိပ်ဂရုမစိုက်ဘူး..ခဏခဏနေမကောင်းဖြစ်နေတယ်..ငါပြောရင်နားမထောင်မှာစိုးလို့ပါကွာ ပြီးတော့ငါ့အခုပုံစံနဲ့ပြောဖို့အဆင်မပြေလို့ပါကွာ.."

ကိုယ့်မျက်နှာ ဖူးယောင်ပျက်ဆီးနေတာတောင် ဂရုမစိုက်ဘဲ ဆက်အတွက်ပဲပူနေတဲ့ တိမ်တံတိုင်း ကို သက်တန့်သက်ပြင်းချကာကြည့်လိုက်သည်။
အသနားခံသည့်မျက်လုံးနဲ့ရင်ထဲကအပူတွေကို သက်တန့်လှမ်းမြင်နေရ၏။အဲ့ဒါမင်းအပြစ်နဲ့မင်းခံလို့ပြောဖို့ကျတော့လည်းငယ်သူငယ်ချင်းမို့မပြောရက်...။

 ကျွန်တော်ချစ်သောမောင်💖💖Where stories live. Discover now