part8

2.3K 47 0
                                    

နေရောင်ခြည်ရဲ့အလင်းရောင်ခပ်မှိန်မှိန်လေးလေးပြတင်းပေါက်ကနေဖြာ
ကျလာချိန် ဆက် နိုးနေခဲ့သည်။

ကြည့်စမ်းပါဦး.. ဆက်ဘေးမှာတည်ကြည်ခန့်ညားတဲ့ ဆက်တဖက်သက်ချစ်နေရတဲ့အမျိုးသားမှေးစက်နေတယ်..။သူ့မျက်နှာပေါ်ကျနေတဲ့နေရောင်ခြည်ကို ဆက် လက်ကလေးနဲ့ကာပေးလ်ုက်၏။

မောင်ကအရမ်းချောတာပဲ..။
ဆက် အရမ်းပျော်နေတယ်..။
ဘဝမှာတစ်ခါမှမပျော်ဖူးတဲ့ခံစားချက်ကိုခုခံစားရလို့လေ..။
ဆက်အိမ်မက်မက်နေတာလားလို့တောင်ထင်မိတယ်..။
ကိုယ့်အသားကိုပြန်ဆိတ်ကြည့်လိုက်မောင့်ပါးလေးကိုလက်လေးနဲ့အသာတို့ကြည့်လိုက်ဆက်အလုပ်ရူပ်နေခဲ၏။
မောင်ကဆက်ဘေးမှအိပ်နေခဲ့သည်တဲ့..။
ဆက် မောင့်မျက်နှာလေးကိုလက်ချောင်းသွယ်သွယ်လေးတွေနဲ့မရဲတရဲထိလိုက်သည်။
မောင့်ရဲ့မျက်ခုံး..။
မောင့်ရဲ့နှာတံ..ပြီးတော့..မောင့်ရဲ့နူတ်ခမ်း..။

ဆက်ရဲ့လက်ချောင်းသွယ်သွယ်လေးတွေကတိမ်တံတိုင်းနူတ်ခမ်း ပေါ်မှာရပ်တန့်သွားသည်။
ညကဆက်ကိုညှို့ယူခဲ့တာဒီနူတ်ခမ်းတွေပေါ့။
အဲ့ဒီ့အရသာတွေကိုဆက် မမေ့နိူင်သေး..။

ဆက်သူ့မျက်နှာနားတိုးသွားလိုက်ပြီး နူတ်ခမ်းညိုလေးနဲ့ဖိ၍နမ်းလိုက်၏။
ဒီအနမ်းတွေကိုတစ်သက်စာအတွက်မှတ်ယူထားချင်လို့ပါမောင်ရယ်...။

"မင်းဘာလုပ်တာလဲ ဆက်"

"အင့်.."

နမ်းနေတုန်းဆောင့်တွန်းခံလိုက်ရ၍ ဆက်အရှိန်နဲ့နောက်လန်ကျသွား၏။
တိမ်တံတိုင်း သူ့နူတ်ခမ်းသူညာဘက်လက်ခုံနဲ့ခပ်ကြမ်းကြမ်းသုတ်လိုက်ပြီး...

"ငါညက အရက်မူးပြီးဘာတွေလုပ်ခဲ့သေးလည်း..ပြီးတော့ငါ့အဝတ်အစားတွေရော.."

ဘာအဝတ်မှမပါဘဲ စောင်ခြုံထားသည့်သူ့ကိုယ်သူနားမလည်နိူင်စွာကြည့်၍ဆက်ကိုမေးလိုက်၏။
ညကအိမ်မက်ထဲမှာမြယမူန်နဲ့သူတွေ့ခဲ့သည်။
ပြီးတော့...ဟာ..မသိတော့ဘူး..။
အိမ်မက်လိုလို..ပုံရိပ်ယောင်တွေရောထွေးနေတယ်..။ဒါပေမယ့်ခံစားချက်ကကောင်းခဲ့သည်ကိုတော့သူလက်ခံသည်။

 ကျွန်တော်ချစ်သောမောင်💖💖Where stories live. Discover now