part19

1.6K 34 0
                                    

ဧည့်ခန်းထဲကမြင်လိုက်ရသည့်လူတစ်ဦးရဲ့သိမ်ငယ်သည့်ပုံသဏ္ဍာန်ကြောင့် တိမ်တံတိုင်း ခြေလှမ်းတွေရပ်တန့်သွားသည်။
ထိုပုံရိပ်လေးကသူ့ဆီပြေးလာပြီးသူ့ရင်ခွင်ထဲဝင်ရောက်သွားသည်။

"မြ..."

"အီး..ဟီးဟီး.."

တိမ်တံတိုင်း ရင်ခွင်ထဲမှာမပေါ့မပါးခန္ဓာကိုယ်နဲ့အားငယ်စွာတသိမ့်သိမ့်ရိူက်နေသည့် မြယမူန်ကို သူနှစ်သိမ့်သလို ပြန်ဖက်လိုက်သည်။
ဘာအကြောင်းလဲ...ဘာတွေဖြစ်ပျက်ခဲ့တာလဲ.. တိမ်တံတိုင်း မမေးချင်ပါ..။
သူမဟာသူနဲ့မသက်ဆိုင်တော့သည်မို့...။

တိမ်တံတိုင်း ရင်ခွင်ထဲကမြယမူန်ကိုဆွဲခွာလိုက်၏။ပြီးတော့ ထိုင်ခိုင်းလိုက်သည်။

"စိတ်အေးအေးထားပါ မြယမူန်...ခုဖြစ်လာတဲ့အကြောင်းကို ကိုယ့်ပါဆင်နယ် ကိစ္စမဟုတ်လို့မမေးချင်ပေမယ့်...ဒီကိုရောက်လာတဲ့အကြောင်းကို ကိုယ်သိလို့ရမလား"

တိမ်တံတိုင်း စကားကိုမဖြေခင် မြယမူန်ဝအောင်ရိူက်ငို၏။အချိနအအတော်ကြာမှ

"မြလေ..သူနဲ့လိုက်သွားပြီး မြဝတီဘက်မှာ ဆင်းဆင်းရဲရဲချို့ချို့တဲ့တဲ့နဲ့နေခဲ့ရပါတယ် မြသူ့ကိုချစ်လို့ဘယ်လောက်ပင်ပန်းပင်ပန်း ဘယ်လောက်ဆင်းရဲ ဆင်းရဲ မြနေနိူင်ပါတယ် ဒါပေမယ့်သူကတေအဲ့လိုမဟုတ်ဘူး သူမြကိုအချစ်စစ်နဲ့ချစ်ခဲ့တယ်လို့ထင်ခဲ့တာ
မိဘတွေကအမွေဖြတ်စွန့်လွှတ်တာခံလိုက်ရတဲ့အချိန် သူဗီဇကပေါ်လာတော့တာပဲ မြကိုအမြဲရိုက်နှက်နေတာ ခုလည်းသူလစ်တုန်းမြထွက်ပြေးလာတာ ဒီလိုပုံစံနဲ့ မိဘအိမ်မပြန်ရဲ့လို့ကြံရာမရဖြစ်ပြီးဒီရောက်လာတာပါ မြကိုကူညီပါဦးနော်"

သူ့လက်ကိုဆုပ်ကိုင်လာသည့်မြယမူန်လက်ကို တိမ်တံတိုင်း မငြင်းဆန်မိချေ...။ကိုယ်ဝန်အရင့်အမာနဲ့မိန်းမတစ်ယောက်ကိုနှင်ထုတ်ဖို့ထိသူ့စိတ်က မပြတ်သားသည်။

"ကြီးဝေ..မြအတွက်အခန်းပြင်ပေးလိုက်ပါဦး"

"အေး..အေး..သား "

"...မြစိတ်အခြေအနေအဆင်မပြေသေးတဲ့ထိဒီမှာနေလို့ရတယ်..ကျန်တာတော့ကိုယ့်ဘက်ကဘာမှလုပ်မပေးနိူင်ပေမယ့် ကိုယ်လုပ်ပေးနိူင်တာလဲ ဒီတစ်ခုပဲရှိတယ်"

 ကျွန်တော်ချစ်သောမောင်💖💖Where stories live. Discover now