part4

1.6K 39 0
                                    

အချစ်ဆိုတဲ့အရာကအရမ်းလှပမှန်းမောင်နဲ့တွေ့မှ ဆက် သိခဲ့ရတယ်..။
အရပ်မြင့်မြင့်..အသားညိုညို..ပုခုံးပြင်ကျယ်ကျယ်ကြီးကသူ့ကိုကျောခိုင်းပြီးလိုရာကိုလျှောက်သွားပေမယ့်..ဆက်ကအဲ့ဒါကိုပဲကြည့်ပြီးကျေနပ်နေခဲ့ရတာလေ..။

မောင့်နာမည်ကို ဆက်သေချာမသိခဲ့သည့်အချိန်ကမောင့်ဆိုတဲ့နာမ်စားလေးသုံးပြီး ခေါ်တတ်နေခဲ့ပြီ။ဆက်ထက်အသက်ဘယ်လောက်ကြီးကြီး မောင်ဆိုတဲ့နာမ်စားလေးနဲ့လိုက်ဖက်နေခဲ့လို့လေ...။

ဒီနေ့လည်း ဆက်ဆိုင်ကယ်လေးထုတ်စီးပြီး မောင့်အိမ်သွားခဲ့ပေမယ့် မောင်ဆေးခန်းသွားချိန်ထိထွက်မလာတော့ ဆက် ဒေါင်းတောက်ပြီး မောင့်ဆေးခန်းကိုရောက်နေခဲ့ပြီ..။
မောင်ဒီနေ့မလာသေးဘူး..။ဆက်စိတ်လောနေလို့ဖြစ်မယ် ဆေးခန်းတစ်ခုလုံးမောင့်ကိုပတ်ရှာနေခဲ့မိတယ်..။အရင်နေ့တွေကတည်းကမောင့်နောက်လိုက်ပြီးမောင်ဘယ်သွားတတ်တယ်..မောင်ဘာလုပ်တတ်တယ်ဆိုတာကအစဆက်မှတ်ထားခဲ့သည်။
မောင်ဒီနေ့ဘယ်တွေရောက်နေတာလဲ..။

"ဒီနေ့ဆရာမလာဘူး ကောင်လေး..လက်ထပ်ပွဲအတွက်အစီအစဥ်တွေပြင်ဆင်စရာရှိလို့လို့ပြောသာပဲ"

စာရင်းရေးနေတဲ့သူနာပြုဆရာမကဆက် မောင်ကိုရှာနေတာသိလို့ထင်ပါရဲ့..လှမ်းပြောတယ်။

သူပြောလိုက်တာတော့ဒီတိုင်းပြီးစလွယ်ပြောလိုက်ပေမယ့်ဆက်အသည်းတွေတော့ပဲကြွေသွားပြီထင်ပါရဲ့မောင်ရယ်...။
အရင်ထဲကပိုင်သူရှိပြီးသားဆိုတာသိပေမယ့် အဲ့ခံစားချက်ကြီးကိုခံစားနေရတာကြောက်ဖို့ကောင်းတယ်မောင်ရယ်..။

"မောင်.....ဟိုဒေါက်တာ ဘယ်တွေသွားလည်းသိလားဟင်"

သူနာပြုဆရာမကိုမေးကြည့်လိုက်သည်။ရလိုရညား...။
သို့ပေမယ့်အချည်းနှီးပါ..။ဆရာမကသက်ပြင်းချ၍

"မသိဘူးကွယ်...သိရင်လည်းပြောတော့ပြချင်ပေမယ့် ဒေါက်တာကအလုပ်နဲ့ကိုယ်ရေးကိုတာရောယှက်တာမကြိုက်တော့.."

စကားနိူက်မရမှန်းသိတော့ ဆက်လက်လျော့လိုက်သည်။

"ဟုတ်ရပါတယ် ပြောပေးတာကိုပဲကျေးဇူးတင်နေပါပြီ..အကယ်၍ဒေါက်တာဆေးခန်းကိုလာဖြစ်ရင်တော့ ဒီသော့ချိတ်လေးပေးပေးပါနော်.."

 ကျွန်တော်ချစ်သောမောင်💖💖Where stories live. Discover now