part13

1.6K 33 0
                                    

"ဆက်...ဆက်.."

"အင်ဟင်.."

သြရှရှခေါ်သံညှင်းညှင်းကြောင့်ဆက်လန့်နိုးလာသည်။ဆက်ဘေးမှာခါးထောက်ပြီးရပ်ကြည့်နေတဲ့မောင်...။မောင့်ဆီက အရက်နံ့ပြင်းပြင်းကိုလည်းရသည်။ မောင်အရင်ရက်တွေကဘယ်ရောက်နေလည်းမသိ..ခုချက်ချင်းကြီးရောက်ချလာသည့်အတွက်ဆက်အံ့သြနေမိသည်။

"ေမာင်..ဘာဖြစ်လို့လဲ"

တိမ်တံတိုင်း ဆံပင်သပ်တင်လိုက်ပြီး..
"ထငါတို့သွားရအောင်..."

ဆက် အိပ်မူန်စုန်မွှားနဲ့နာရီကိုကြည့်လိုက်သည်။
3နာရီ...။
အစောကြီးရှိသေးသည်..။
မောင့်ပုံစံကြည့်ရတာအလျင်လိုနေတဲ့ပုံနဲ့..။
ဆက် ဘာအကြောင်းလဲဆက်မမေးတော့ဘဲအိပ်ယာကထလိုက်တယ်..။

"ပစ္စည်းတွေသိမ်း..တစ်ခုမှမကျန်စေနဲ့"

မောင်ထွက်သွားတော့မည်ဆိုတာဆက်သိလိုက်သည်။ဆက်ပစ္စည်းတွေသိမ်းရင်း...

"မောင်ဘယ်သွားမလို့လဲ..ဒက်ဒီနဲ့မာမီတောင်မနိုးသေးဘူး..သွားမယ်ဆိုနူတ်ဆက်ပြီးသွားတာမကောင်းဘူးလား."

"မောင်တကယ်လို့..ဒီအိမ်မနေချင်ရင်..ဆက်​ေနတဲ့အိမ်သပ်သပ်ရှိတယ်နော်..မောင်.."

ဆက်ကိုစကားဆုံးအောင်ပြောခွင့်မပေး..

"မင်းသိမ်းပြီးပြီလား..ဆက်"

"အင်း.."

ဆက်..မောင်နဲ့စကားနိူင်လုပြီးမပြောတော့ပါ..ခေါင်းငြိမ့်ပြလိုက်သည်။

"အဲ့ဒါဆိုသွားမယ်"

ဆက်အရုပ်ကလေးတစ်ယောက်လို တိမ်တံတိုင်း နောက်သို့လိုက်သွားလိုက်သည်။ဒက်ဒီနဲ့မာမီအပြင်တစ်လောကလုံးအိပ်မောကျနေတုန်း...

လမ်းမပေါ်ရောက်တာနဲ့ကားတစ်စီးကအသင့်စောင့်နေသည်။ကားထဲမှလူတစ်ယောက်ဆင်းလာပြီး ဆက်ကိုခြေဆုံးခေါင်းဆုံးကြည့်ကာ..ဖော်ရွေစွာပြုံးပြသည်။

"တံတိုင်း..ဒါမင်းခိုးပြေးမယ့်မိန်းမလား.."

ဆက်ကိုသိသိရက်နဲ့စသလိုလိုနောက်သလိုလိုမေးလိုက်ခြင်းသာ..။

"အဟွန်း..ဒီလိုပါပဲ"

သက်တန့်အမေးကို တိမ်တံတိုင်း ပြုံးရင်းပြီးစလွယ်ဖြေလိုက်၏။

 ကျွန်တော်ချစ်သောမောင်💖💖Waar verhalen tot leven komen. Ontdek het nu