နောက်လရောက်တော့ ကူချင်းတစ်ယောက် သူ့အမေကိုကိုယ်ချင်းစာတတ်လာ၏။ ကလေးတစ်ယောက်စိတ်ကိုနားလည်ဖို့ဆိုတာ တယ်ခက်တာပဲ။ အဲ့နေ့ကစလို့ သူရေမိစ္ဆာကောင်လေးကို စားပွဲပေါ်ထိုင်စေကာ စာသင်ပေးဖို့ကြံရပြန်သည်။

"ဟိတ်အကောင်ပေါက်...ဒီကိုလာပါအုံးကွာ!
မင်းနဲ့နဲနဲပါးပါးဆွေးနွေးစရာရှိလို့!"

အကောင်ပေါက်ရဲ့မျက်ဝန်းတွေပြူးကျယ်သွားပြီး ကူချင်းကို ကိုယ်ကိုညွတ်ကာ အရိုအသေပေးလိုက်၏။

"မင်းကရေမိစ္ဆာလေးလေကွာ။ ဒီတော့ မင်းဘာသာမင်းပျံဖို့ လမ်းလျှောက်ဖို့သင်သင့်နေပြီ။ ငါအမြဲချီထားရတာ အဆင်မပြေဘူး"

ထို့နောက် ကူချင်းစကားခဏရပ်ကာ မိုးပေါ်ကိုကြည့်ရင်း သူ့မေးသူပွတ်နေပြန်သည်။

"ဟုတ်သား မင်းမှာအတောင်ပံပါတော့ ပျံသန်းဖို့လေ့ကျင့်ရမယ်လေ!"

ထိုအခါ ရေမိစ္ဆာလေးက သူ့ကိုမော့ကြည့်လာပြီး ကျောက်သားစားပွဲပေါ်ကနေဆင်းကာ ခြေလှမ်းနှစ်လှမ်းခန့် ယက်ကန်ယက်ကန်ဖြင့်လျှောက်ပြသည်။(သူလမ်းလျှောက်တတ်ပါတယ်ပေါ့) ထို့နောက် သူကအတောင်ကိုဖွက် ကိုယ်ကိုကျုံ့ကာ ဘောလုံးလိုလုပ်ပြီး ကူချင်းနဲ့ဝေးဝေးကိုလှိမ့်ပြလိုက်သည်။( သူပျံဖို့သင်စရာမလိုဘူးဆိုတာကို ပြောချင်တာပါ)

ဒါကိုမြင်တော့ ကူချင်းရယ်ချင်သွားသည်။ ထို့အတူ ဖုန့်ရန်နဲ့ ထျန်းချီလည်း သူ့ကိုချင်းချီနန်းတော်မှာထိန်းခဲ့ရတုန်းက ခုလိုပဲခက်ခဲမယ်ဆိုတာကို ချက်ချင်းတွေးမိသွား၏။ ကလေးတစ်ယောက်ပျိုးထောင်တယ်ဆိုတာ တကယ်နက်နဲတဲ့ကိစ္စပဲ။

ဒါပေမဲ့ကိစ္စမရှိပါဘူး။ သူတချို့ကလေးထိန်းနည်းစာအုပ်တွေဖတ်ထားသည်လေ။ ဒါကြောင့် သူ ကျောက်စိမ်းသေရည်အိုးကို ရှေ့မှာဖန်ဆင်းပြလိုက်၏။

"ဟေး...မင်းသာနေ့တိုင်းနဲနဲ နဲနဲဆီပျံပြရင် ငါမင်းကိုဒီသေရည်အိုးပေးမယ်လေ ဘယ်လိုလဲ?"

ယွီလုသေရည်က ရှင်းရီသူ့ကိုနှစ်ဝက်မှ တခါလာလာပေးသောသေရည်ဖြစ်သည်။ ဆိုတော့ ဒီအကောင်လေးကို ကောင်းကောင်းကြီးပြင်းလာစေချင်တယ်ဆိုရင်လည်း အုတ်မြစ်ကောင်းကောင်းရှိမှရလိမ့်မည်။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now