အပိုင်း ၄၄

1.8K 91 8
                                    

Unicode

" ​ကျေးဇူးပြုပြီး ဆက်ဆက်ပြန်လာခဲ့ပါ "

" အင်း... ကိုယ်ပြန်လာမယ် ကတိ​ပေးတယ်
တတ်နိုင်သမျှ အမြန်ဆုံးပြန်လာခဲ့မှာမို့ ငိုမ​နေနဲ့ မလှ​တော့ဘဲ​နေမယ် "

တီဗွီဖန်သားပြင်​ပေါ်မှာ ​ကောင်​​လေးသည် ​ကောင်မ​​လေးအား နှုတ်​ဆက်အနမ်း​လေး​ပေး​နေသည် ။ ဇာတ်ညွှန်းနှင့် ဒါရိုက်တာ့ ဆန္ဒအ​ရ ​ကောင်​လေး​​သည် ကတိကိုတည်မည်မဟုတ်ပါ ။

' ဖတ်....ဖတ် '

Drama ရဲ့ အပိတ်တီးလုံးပြီး​နောက် ထွက်​ပေါ်​လာ​သော အသံ ။
ပိတ်လိုက်​သော​ကြောင့် TV မှာ အမဲ​ရောင်​ပြောင်းသွားပြီ ဖြစ်၍ TV မှထွက်လာခြင်း​တော့ မဟုတ်ပါ ။

' ဖတ်.... ဖတ် .... ဖတ် .... '

ထို တဖတ်ဖတ်အသံဟာ တိတ်ဆိတ်​​နေ​သော ဧည့်ခန်းတွင် ဆက်လက်ပျံ့နှံ့​နေသည် ။ လက်​တော့ပ်မှ စာရင်းစစ်​နေ​သော ထင်ရာကိုးသသည် ထိုအသံ၏ ​နှောင့်ယှက်မှု​ကြောင့် အာရုံစုစည်းမရ​တော့​ချေ ။

ထို့​ကြောင့် အသံဖြစ်တည်ရာ ဌာနကို ရှာကြည့်မိသည် ။ ရပ်တန့်ပစ်မည့် ရည်ရွယ်ချက်နှင့်​ပေါ့ ။

ထိုဖြစ်တည်ရာကို ရှာ​တွေ့ချိန် ကိုးရဲ့ နှုတ်ခမ်းတို့ တွန့်​​ခေါက်သွားကာ မျက်လုံးအိမ်ပါ ကျယ်ပြန့်သွားရသည် ။

" ငယ် .... အဲ့ဒါဘာလုပ်​နေတာလဲ "

သား​ရေပင် သုံးပင်​လောက်ကို လက်မှာဝတ်လို့ ဆွဲတင်လိုက် ပစ်ချလိုက်နှင့် ကိုယ့်အသားကို နာ​အောင်လုပ်​နေ​သော တိမ်တိုက်ငယ် ။ ဖြူစင်​သော လက်​လေးဟာ သား​ရေကွင်းအရာ အထပ်ထပ်နှင့် နီရဲတွတ်လို့ ။ မကြာမီ ​သွေးနီနီ​တွေပါ စိမ့်ထွက်လာ​တော့မည့်အလား ။

ထိုအချင်းအရာသည် ကိုးနှလုံးသားကို ၁၀​ပေါင်တူကြီးဖြင့် ထုချလိုက်ဘိသကဲ့သို့ နာကျင်​အောင့်သက်သွားရသည် ။ ထို့​ကြောင့် သား​ရေပငွကို ထပ်ဆွဲလာသည့် လက်က​​လေးကို အမြန်ပင် ဖမ်းကိုင် သား​ရောပင် ပြန်ကျလာမည့်​နေရာတွင်လည်း ကိုးလက်တစ်ဖက်ကို လျှိုခံထားလိုက်သည် ။

ကိုး ဖမ်းဆုပ်ထားသည့် ကြားမှ လွှတ်ချလိုက်သည်​ကြောင့် သား​ရေပင်ချက်ထိသွားသည်မှာ ငယ့်ကို ကာထား​ပေး​သော ကိုးလက်​တွေ ။

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Where stories live. Discover now