အပိုင်း ၂၁

2.5K 114 40
                                    

Unicode

အားပါးတရ ငိုချလိုက်ချင်​သော်လည်း မျက်ရည်တစ်​ပေါက်မှ ကျမလာ​အောင် ထိန်းထားရသည်မှာ အခက်သား ။ ခံစားချက်တို့ကို အတင်းချိုးနှိမ် ထားရ၍ မျက်ဝန်းငယ်တို့မှာ ​အပူချိန်ကင်းမဲ့​နေမည်ဆိုသည်ကို ငယ်သိတာ​ပေါ့ ။ ခံစားချက်မဲ့ မျက်ဝန်းတို့က ​နွေး​ထွေးပါသည်လို့ ဘယ်​နေရာမှာမှ မကြားဖူးပါ​လေ ။

' ဖြန်း '

စားပွဲ​ခုံ​ပေါ် ကျ​ရောက်လာသည့် ခါးပတ်သံပြင်းပြင်း​ကြောင့် အလိုက်မသိသည့် မျက်ရည်တို့က ကျချင်​နေ​သေး၏ ။ မျက်ဝန်းအိမ်တစ်ဝိုက် အရည်လဲ့ရုံ​လေးသာဝဲတတ်လာပြီး​နောက် မျက်ရည်စတို့မှာ ​အေးစက်စက်အကြည့်​ကြောင့် ​အေးခဲကာ ပါးပြင်​ပေါ်သို့ မိုးအဖြစ် မရွာသွန်းနိုင်​တော့ပါ ။

ထို​အေးခဲမိုးစက်တို့ဟာ ငယ့်​ရှေ့မှ ​အေပရွန်ပန်း​ရောင်နှင့် လူသားရဲ့ နှလုံးသားသို့ နှင်းမှုန်တိုင်းအဖြစ် ​ရောက်ရှိ​နေသည်ကို​တော့ ငယ်မသိလိုက်ပါ ။

" စား!! "

ကိုးရဲ့ အမိန့်ဆန်ဆန် စကားလုံးတို့ကိုကြားပြီး​နောက် အမှန်တကယ် မစားချင်သည့် ထမင်းတစ်ဇွန်း ခပ်၍ ပါးစပ်ထဲထည့်ကာ အတင်းမြိုချ ပစ်လိုက်၏ ။ မဝါးဘဲနဲ့​ပေါ့ ။

" ထမင်းစားတာ ​သေချာဝါးစား ... အစာမ​ကြေရင် ဒုက္ခ​ရောက်မယ် "

​အေးစက်မာ​ကျော​သော ​လေသံနှင့် တွန့်ချိုးထား​သော မျက်ခုံးနက်နက် ....ထိုအရာနှစ်ခု​ရောစပ်ထားသည့် စကားတစ်ခွန်း​ဟာ စိတ်ပူ​သော စကားလား ခြိမ်း​ခြောက်​နေ​သော စကားလား​တောင် မသဲကွဲ​တော့ပါ ။

ကိုးရဲ့​လေသံဟာ မွန်လူမျိုးပီပီ မူရင်း မာ​ကျော​သော ​လေသံမျိုးဖြစ်သည် ။ ထို​လေသံဝယ် အနည်းငယ် ဖိအားသုံးလိုက်လျှင်ဖြင့် ​ဒေါသသံ​ပေါက်သွားတတတ်မှန်း ကာယကံရှင် နှစ်ဦးလုံး သိနှင့်ပြီးသားပါ ။

သို့​​သော်လည်း ငယ် နာကျင်ရပါသည် ။ ​ငယ် ​ကြောက်ရွံ့မိပါသည် ။

ငယ့်ကိုငယ်လည်း နားမလည်နိုင်​တော့ပါ ။
အစ်ကိုမုန်း​အောင်လုပ်​နေရတာ ဒီ​လောက်ပင်ပန်း​နေလျက်နဲ့ မရပ်ဘဲ ဆက်လုပ်​နေမိတာ ဘာ​ကြောင့်လဲ ။

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Where stories live. Discover now