အပိုင်း ၅၁

1.8K 75 14
                                    

ထည်ဝါ​​လေးက သူ့ဒယ်ဒီမရှိတဲ့ အခါမျိုးဆို ဂျီကျတတ်​ပေမယ့် လိမ္မာတဲ့ က​လေး​လေးပါ ။ အခုလည်းကြည့် ​ဖေ​ဖေနဲ့ဒယ်ဒီမနိုး​သေး၍ သူ့ပုခက်​လေးထဲ ငြိမ်ငြိမ်​လေး ​​နေ​ပေးရှာသည် ။

" အမ​လေး .... ​ဖေ​ဖေ့သား​လေးက အ​​စောကြီးနိုး​​နေပါလား "

ထိုင်တက်ခါစ တစ်တုံးတစ်ခဲ​လေးကို ပုခက်ထဲမှ ​ပွေ့ချီလို့ ​မြှောက်ထားလိုက်​တော့ ​ခြေကားယား လက်ကားယား​လေးနှင့် အ​တော် ချစ်စရာပင် ။ သားသားပါးအိအိ​လေးကို အသည်းယားစွာ ​မွှေးကြူလိုက်​တော့ တခစ်ခစ် ရယ်သတဲ့ ။

" သား​သား​လေးကို ဒယ်ဒီက နာမည်​ပေးပြီးပြီ
တိမ်​ရောင်ထည်ဝါတဲ့ .... အဲ့ဒီ​တော့ ​ဖေ​ဖေက သား​လေးကို ထည်ဝါ​လေးလို့​ခေါ်မယ်​နော် .... ​နော် .... ​နော် "

" ခစ် ... ခစ် "

ထည်ဝါ​လေးကို လက်တစ်ဖက်က ချီရင်း သွားတိုက် မျက်နှာသစ်ရသည် ။ ဒီအသားလုံး​လေးကို လက်ကမှ မချချင်​တာ ။

" ​ဖေ​ဖေပြီးပြီ ထည်ဝါ​လေးအလှည့် "

သန့်စင်​ဆေး​ကြော​ပေးပြီး​နောက် အဝါ​ရောင် ဂွမ်းသား ဝမ်းဆက်​လေး ဝတ်​ပေးလိုက်​တော့ လုံးလုံးအိအိ​လေးနဲ့ Pooh ​လေး အတိုင်းပင် ။ အိပ်​နေသူ ဒယ်ဒီကြီးမှာ​တော့ အခုထိ မနိုး​​သေး​ချေ ။

အရင်က ​မှောင်မှိုင်း​သောအ​ရောင်​တွေသာ သုံးထား​သော ထိုအခန်း​လေးဟာ ထည်ဝါ​လေး​ရောက်လာသည့် ၂ပတ်​ကျော်​ကျော်အတွင်း ကာလာစုံသွား​ချေပြီ ။ အိပ်ယာခင်းပဲကြည့် ။ အပြာနု​ရောင် ​အောက်ခံ​ပေါ်မှာ ကာတွန်း ငါးရုပ်​လေး​တွေနဲ့ ။

ထို အပြာနု​ရောင် အိပ်ယာ​ပေါ် အိပ်​ပျော်​နေသူကြီးကို နှိုးမ​နေ​တော့ဘဲ က​လေးချီကာ ​အောက်ထပ် ဆင်းလာခဲ့လိုက်သည် ။

အစ်ကိုလည်း ပင်ပန်း​နေ​ရော​ပေါ့ ။ အနားယူပါ​စေ​​လေ ။

မ​နေ့ကမှ ကား​မှောက်ထားသည့် ​ဇေခန့်ထည်အစား အိမ်အလုပ်​တွေ လုပ်​ပေးချင်သည်မို့ အိမ်​ရှေ့ အိပ်ခန်းတွင် ​​ဖော့ဖျာ​လေးခင်း ပိုက်လုံး အတားအဆီး​လေးနဲ့ ကာရံလို့ ထည်ဝါ​လေးကို အရုပ်​တွေနဲ့အတူ ထားထားလိုက်သည် ။

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Where stories live. Discover now