အပိုင်း ၁၉

2.5K 137 18
                                    

Unicodec

" အစ်ကို.... "

ဘယ်က​နေ ဘယ်လို​ရောက်မှန်းမသိ
ငယ်ဟာ ကိုးနားသို့ ​ပြေး၍ လာ​နေသည် ။ ​ရှေ့တွင် ပူး၍ လက်ထိပ်ခတ်ထား​သော လက်နှစ်ဖက်ကိုတစ်လှည့် ​ငယ့်ကိုတစ်လှည့် ကိုးကြည့်မိ၏ ။

ဒုစရိုက်မှုကို မနှစ်သက်သည့် ငယ်သာ ......ငယ်သာ ....ကိုးကို မုန်းသွားမည်ကို ​ထောင်ထဲသွားရမှာထက် ကိုး ပို​ကြောက်ရွံ့​နေသည် ။

" အစ်ကို ဒါက ဘယ်လိုဖြစ်တာလဲ
ထပ်ပြီး လမ်း​ပေါ်မှာ ရန်ဖြစ်ပြန်ပြီလား "

" မင်းက​ရော ကြံရာပါလား "

အစ်ကို့လက်​မောင်းကို ချုပ်ကိုင်ထား​သော ရဲသားဆီမှ ထွက်လာ​သော စကားဖြစ်သည် ။ ငယ့်ကို ကြည့်၍ ​မေး​နေသည်ဆို​သော်ငြား ကိုးက ငယ့်အစား အ​ဖြေပြန်​​​ပေးလာသည် ။

" သူက ကျွန်​တော်နဲ့ ဘာမှမဆိုင်ပါဘူး "

ငယ့်ကို စိုးရိမ်လို့ ဘာမှမဆိုင်ဘူးလို့ ကိုး ​ပြောလိုက်မှန်းသိ​သော်လည်း ငယ့်ရင်ထဲ​နေလို့မ​ကောင်းပါ။ အမျိုးအမည်မသိ နာကျင်မှုတစ်ခုက ငယ့်နှလုံးသားကို ဖြတ်သန်းစီးဆင်းသွား၏ ။

" သူနဲ့ ကျွန်​တော်က ချစ်သူ​တွေပါ "

" ငယ် ....!! " ဟု အာ​မေဋိတ်ဆန်ဆန်တစ်လုံးတည်း​သော စကားလုံးသာ ကိုးနှုတ်ဖျားမှ ထွက်လာ​သော်လည်း ရင်ထဲတွင်​တော့ ' ရာဇဝတ်သားတစ်​​ယောက်ဖြစ်​​တော့မယ့် အစ်ကိုနဲ့ ချစ်သူလို့​ပြောတာ ငယ့်အတွက် မ​ကောင်းဘူး ငယ်ရဲ့ ' ဟု ​အော်ဟစ်​နေမိသည် ။

" ဆရာတို့ ဘာလို့ ကျွန်​တော့်ချစ်သူကို ဖမ်းတာလဲဗျ "

" ချစ်သူ ? အာ.... လိင်တူချစ်သူလား ဒါ့​ကြောင့် မူးယစ်​ဆေး သုံးတတ်တာကိုး "

" ဗျာ ... ​ဆေးသုံးတယ်
ဘယ်သူကလဲ "

" မဟုတ်ဘူးငယ် ... အစ်ကိုမသုံးဘူး
အစ်ကိုမသိတဲ့ လူတစ်​ယောက်က အစ်ကို့ကို အတင်း​ပေးသွားလို့ ​ကြောင်ပြီးယူလိုက်မိတာ ... အစ်ကိုမသိဘူး "

ကိုးဟာ အလိမ်အညာစကား​တွေပါ သုံးကာ ငယ့်ကို ​ဖြေရှင်း​နေမိသည် ။ ဘာ့​ကြောင့်လိမ်မိသွားသလဲ​တော့ ကိုးကိုကိုးလည်း မသိခဲ့ပါ ။

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Where stories live. Discover now