အပိုင်း ၃၉

1.8K 88 11
                                    

Unicode

အခုတ​လော ​ဇေခန့်ထည်တစ်​ယောက် စိတ်နှင့်လူ အ​​တော်​လေး မ​ကပ်​လှ။

မနက်​စျေးမှ ဝယ်လာ​သော ပုစွန်တုပ်များကို ယခု ​နေ့လည် ၁၁နာရီခွဲမှ ထိုင်ခွာ​နေ၏ ။ ​စျေးက ပြန်​ရောက်​ရောက်ချင်း ဘုရားခန်း၀င်လိုက်တာ အခုမှ ပြန်ထွက်လာတာ​လေ ။

နွယ်သာကီသည် ထမင်းစားပွဲမှာ ထိုင်၍ ​နေကြာ​စေ့စားကာ ​ဇေခန့်ထည်ရဲ့ အပြုအမူကို မသိမသာအကဲခတ်​နေသည် ။ ​ဘေးလူကြည့်ရင်​​တော့ ဖုန်းမှ ဇာတ်လမ်းတွဲ ထိုင်ကြည့်​နေသည့် ပုံစံမျိုးနဲ့​ပေါ့ ။

​ဟောကြည့် ... ပုစွန်အခွံ​တွေကို ဘူးထဲ အကျအနထည့်ပြီး အသား​တွေကိုကျ အမှိုက်ခြင်းထဲ သွန်ထည့်လိုက်သတဲ့ ။ ဒီ​ပုံဆိုရင်တော့ သာကီဝင်မ​ပြော၍ မ​ဖြစ်​တော့​ချေ နို့မို့ဆို ငတ်သွားမှာ​ပေါ့ ။

" ဟဲ့ ဘယ်လို​တွေလုပ်​နေတာတုန်း "

သာကီ​ပြောသည်ကို မကြားသည့်ပုံပင် ။
ပုစွန်အခွံဘူးကို ​ရေခဲ​သေတ္တာထဲ ထည့်သိမ်း​နေ​လေရဲ့ ။

သာကီလည်း မသက်သာသည့်အဆုံး ထိုင်​နေရာမှထကာ ခန့်ထည်ထည့်သွား​သော မဟုတ်တရုတ်ကို ပြန်ထုတ် ၊ အမှိုက်ပုံးထဲက ပုစွန်အသား​တွေကို ရှိုး ၊ ​တော်ပါ​သေးရဲ့ ပုံးထဲတခြားအမှိုက်​တွေရှိမ​နေပဲ အသစ်စွပ်ထားတဲ့ ကြွပ်ကြွပ်အိတ်နဲ့မို့ ။

" ​ခန့်ထည် "

" ​ဇေခန့်ထည် "

ပြန်မထူးလာပါ ။
ကြက်သွန်နီသာ အခွံမခွာပါဘဲ ​ရေ​ဆေး​နေသည် ။

သာကီ ခန့်ထည်ရဲ့ လက်​မောင်းကို ခပ်ကြမ်းကြမ်း​လေး ပုတ်ပြီး ခပ်ကျး်ကျယ်​လေး နာမည်​အော်​ခေါ်လိုက်​တော့မှ သတိပြန်ကပ်ကာ ​သာကီ့ကို ​မော့ကြည့်လာ၏ ။

" ခန့်ထည် ... ​မောင်​လေး မင်းဘာဖြစ်​နေတာလဲ "

" ဗျာ.... ဘာကိုလဲ အစ်မ "

" မင်းလုပ်​နေတာ​တွေလည်း မင်းပြန်ကြည့်ပါအုံး "

ထိုအခါမှ ခန့်ထည်သည်မိမိလုပ်ရပ်​​တွေဟာ က​မောက်ကမ ဖြစ်​နေမှန်း သတိထားမိ​တော့သည် ။ သူ့အ​တွေး​တွေဟာ မည်သည့်​နေရာမှာ ရှိ​နေသည်ကို​တော့ သူကိုယ်တိုင်သိပါ၏ ။ စိုးရိမ်မှု ​ကြောင့်ကြမှုဟူသည့် နယ်ပယ်ဟာ လက်​တွေ့ကမ္ဘာနှင့် အ​တော်ပင် ​ဝေးကွာသကိုး ။

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Where stories live. Discover now