အပိုင်း ၃၆

1.6K 82 12
                                    

Unicode

ပြိုင်ကားအနီ​လေးဟာ ခ​ရေပင်ကြီး​အောက်တွင် ရပ်​နေခဲ့သည်မှာ ၁၅မိနစ်ခန့်ရှိပြီ ။ ကိုးသည်လည်း ငြိမ်းချမ်းစွာ အိပ်​မောကျ​သော ချစ်ရသူ​လေးကို တစိမ့်စိမ့်ကြည့်​နေသည်မှာ ၁၅မိနစ်ခန့်ရှိပြီဖြစ်၏ ။

ည​နေခင်းဆည်းဆာ ​ရောင်ခြည်သည် ​ရွှေဝါ​ရောင် ​တောက်ပလျက် ။

တစ်သက်လုံး ဒီအတိုင်း​လေး တစိမ့်စိမ့် ထိုင်ကြည့်ခွင့်ရချင်တယ် ငယ်ရယ် ။ အစ်ို​လေ ငယ်နဲ့ မခွဲချင်ပါဘူး ။ ငး်နိုးလာတဲ့အခါ အစ်ကို​ပြောမယ့် စကား​တွေတွက် ကြို ​တောင်းပန်ပါရ​စေ ။

​တောင်းပန်ပါတယ် ငယ်
အစ်ကို ငယ့်နားက ထွက်သွားရ​တော့မယ် ။

ဒါ​ပေမယ့် စိတ်ချပါ ။
တစ်​နေ့​နေ့​တော့ ငယ့်​ရှေ့အ​ရောက် အစ်ကို ပြန်လာပါ့မယ်

" အင့် .... "

အသံငယ်​လေးပြုကာ လှုပ်ရှားလာ​သော အဖြူထည်​လေး​ကြောင့် မျက်ဝန်း၀ယ်​ဝေ့သီ​နေ​သော မျက်ရည်စတို့ကို ခပ်မြန်မြန် သုတ်ပစ်လိုက်သည် ။ သူ့​​ရှေ့မှာ ​မာ​ကျောချင်​ယောင်​ဆောင်ရဦးမည်​လေ ။

" နိုးပြီလား ငယ် "

အိပ်​နေရာက နိုးကာစ အမြင်မကြည်​သေး၍ မျက်လုံးကို လက်နှစ်ဖက်နှင့် ပွတ်​နေသည့်ပုံ​လေးက တကယ့်ကို ရိုးသားဖြူစင်သည့် က​လေးတစ်​ယောက်နှယ် ။

" ဝှား..... ​ဘယ်လို အိပ်​ပျော်လို့ ​ပျော်သွားမှန်း​တောင်မသိလိုက်ဘူး "

သမ်း​ယောင်​ယောင်ဖြင့် ​ပြောရင်းပင် ​​ဘေးဘီဝဲယာ ကြည့်လိုက်​​တော့ ​နေရာကား ​ကျောင်းထဲက ခ​ရေပင်​အောက်တွင် ။

" အစ်ကို ဘာလို့ ​ကျောင်းထဲလာတာလဲ "

" ဒီတိုင်း .... ဒီ​နေရာ​လေးကိုလာချင်လို့ "

ကိုးမျက်နှာ သိသိသာသာ ညှိုးငယ်​နေသည်ကို ငယ် သတိထားမိပါသည် ။ သို့​သော် ခရီးပန်းခြင်း​ကြောင့်ဟု အလွယ်​တွေးလိုက်၏ ။

ကိုးဟာ ကားတံခါးကို ဖွင့်ကာ ဆင်းပြီး​နောက် ညင်သာစွာ ပြန်ပိတ်သည် ။ ခ​ရေပင်​အောက်က ခုံ၀ယ် မလန်း​ဆန်း​သော မျက်နှာထားဖြင့်သွားထိုင်၏ ။ ငယ့်ကို​တော့ စကားတစ်ခွန်းတ​လေမှ မဆို​သေး ။

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Où les histoires vivent. Découvrez maintenant