အပိုင်း ၁၁

4K 188 24
                                    

Unicode

လွန်ခဲ့​သော ၁၃နှစ်​.....

"၂၀၁၈ ခုနှစ် ဥပ​ဒေပညာဌာန
​မောင်မယ်သစ်လွင် ကြိုဆိုပွဲ "

ထို အပြာ​ရောင် ဗီနိုင်းဆိုင်းဘုတ်ကြီးမှာ ဒုတိယနှစ် အခန်း၏ ​သင်ပုန်း​ပေါ်တွင် ထပ်ကာ ကပ်ထားခြင်းဖြစ်သည် ။ ​မေဂျာ​ဟော ဖြစ်ရမည့် အခန်းကြီးသည် စာသင်ခန်းအဖြစ် အသွင်​​ပြောင်းထားရာမှ သူ့သရုပ်မှန်အဖြစ် တစ်ရက်တာ ​နေထိုင်ခွင့်ရ၍ အလွန်​ပျော်​နေရှာသည် ။

' အကြိမ်ကြိမ် ရင်ခုန်မိ​သော မင်းမျက်ဝန်း ....
အာရုံမှာ ငြိတဲ့မျက်ဝန်း ...
မင်းရဲ့အကြည့်မှာ ​မြော​နေခဲ့ ....​
မင်းရဲ့ မင်းရဲ့ အချစ်မျက်ဝန်း '

စင်မြင့်ထက်တွင်​ ဂီတာညို​လေးကို တီးခတ်ရင်း သီချင်းဆို​နေသူက ခန်းမတွင်းရှိ လူတိုင်း၏ အာရုံကို ဖမ်းစားထားသည် ။ ထိုသူ့ရဲ့ အာရုံ​တွေက​တော့ အ​နောက်ခပ်ကျကျ ​နေရာမှာ ထိုင်​နေသည့် ငယ့် မျက်ဝန်း​ပေါ်တွင်သာ တည်ရှိ​နေသည် ။

' ကျိန်စာအလား
ရပ်မသွားတဲ့ ခံစားချက်​ပေါင်းများစွာနဲ့
စူးရှတဲ့ မျက်ဝန်းတစ်စုံ မင်းချန်ခဲ့ ...... '

အကြည့်ခံရသူမှာလည်း ပါး​လေးများပင် နီရဲ​နေရှာတာ ​ဘယ်သူသိပါ့မလဲ ။
ခန်းမတွင်းရှိ လူတိုင်းလူတိုင်းသည် ထင်ရာကိုးသရဲ့ သီချင်းဆို​ကောင်းခြင်းအ​​ပေါ် မှင်သက်ရင်း သီချင်း​လေးအတိုင်း စီး​မြော​နေကြသည် ။

ကာယကံရှင် နှစ်ဦးမှာ​တော့ လူ ၂၀၀ ​လောက်ကို လျစ်လျူရှုကာ နှစ်​ယောက်တည်းကမ္ဘာတွင် မျက်ဝန်းခြင်း စကား​ပြော​နေကြသည် ။

' ဘယ်​လောက်ပဲ တို့​ဝေးပါ​စေ
တစ်ချက်​လေး ​စောင်းငဲ့ကြည့်ရုံနဲ့
မျက်ခုံးအပင့်မှာ ဒီအလွမ်း​တွေ ပုန်းကွယ်​နေ ....

ချိုမြိန်တဲ့ ချစ်စကား​တွေ
ဘယ်လိုပဲ ခဏခဏ ​ပြောချင်လည်း
မင်း​ရှေ့မှာ အ​တောင်ကျိုးတဲ့ ငှက်လိုပဲ ....

ဟန်မ​ဆောင်တဲ့ အချစ်​တွေနဲ့
ရင်ထဲက ​စောင့်​မျှော်ခဲ့
ဖွင့်​ပြောခဲ့ချင်​ပေမယ့် .....
မ​သေချာတဲ့ အချစ်​တွေနဲ့ ပစ်သွားမလား စိုးရိမ်ခဲ့
မျက်ဝန်းနဲ့ ​ပြော​နေမိခဲ့ ......

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Where stories live. Discover now