ကတိ

48.6K 1K 45
                                    

[ ဤ FIC ပါ အ​ကြောင်းအရာ ၊ အဖြစ်အပျက် ၊ လူပုဂ္ဂိုလ်တို့သည် စာ​ရေးသူ၏ စိတ်ကူးသက်သက်မျှသာ ဖြစ်ပါသည်။
တိုက်ဆိုင် မှု ရှိပါက တိုက်​ဆိုင်မှုဟုသာ သတ်မှတ်​ပေးပါရန် ​မေတ္တာရပ်ခံပါသည်။


Unicode

" အစ်ကို့နားမှာ မ​နေနဲ့​​တော့
အစ်ကို့ဘဝက ငယ်နဲ့ မထိုက်တန်ပါဘူး
ငယ်မသွားရင် ငယ်ရှာမ​တွေ့နိုင်တဲ့အ​ဝေးဆုံး​ထိ အစ်ကိုထွက်သွားမယ် "

#ထင်ရာကိုးသ

________

" မသိချင်ဘူး
ငယ် အစ်ကို့ကိုချစ်တာတစ်ခုပဲသိတယ်
ဒါဆိုရင်​လေ အစ်ကို ဒီလိုလုပ်
အစ်ကို သွားချင်ရာသွား
ငယ်​စောင့်​နေမယ်​လေ
ကတိတစ်ခု​တော့​ပေးရမယ် ငယ့်ကို
ငယ့်ကိုပိုင်ဆိုင်ဖို့ အင်အားရှိတဲ့ ​နေ့​ရောက်ရင်
အစ်ကို ငယ့်ဆီပြန်လာပါ့မယ်​လို့​လေ
အစ်ကို ပြန်မလာမချင်း ငယ်​စောင့်​နေမှာ​နော်

#တိမ်တိုက်ငယ်

သူတို့နှစ်ဦးသား ​မော်လမြိုင်တက္ကသိုလ် ရာမည(၂) အ​ဆောင်​ရှေ့က ခ​ရေပင်ကြီး​အောက်ဝယ် အပြန်အလှန် ကတိကဝတ်ပြုခဲ့ကြသည် ။

ကတိ​တွေ အထပ်ထပ်ထားခဲ့​သော ၊ မျက်ရည်မိုး​တွေ​စွေခဲ့​သော ထို​နေ့​လေး​နောက်ပိုင်း မ​တွေ့ဖြစ်ကြတာ ၁၂နှစ်​တောင်ကြာခဲ့ပြီ ။

××××××××××××××××××××××××××××××××
××××××××××××××××××××××××××××××××

"​နောက်ဆုံး​တော့ အစ်ကို ငယ့်ဆီပြန်​ရောက်​တော့မယ်
ငယ်​ပေးထားတဲ့ ကတိအတိုင်း ခ​ရေပင်ကြီး​အောက်မှာ ငယ် ​စောင့်​နေဖို့ အစ်ကို​မျှော်လင့်တယ်
ငယ့်ကို ​တွေ့ရင်​လေ အချိန်​တွေကြာသွားမိလို့ အရင်ဆုံး​တောင်းပန်ချင်တယ် "

​လေယာဥ်ပြတင်းမှန် ဝိုင်း​လေးမှတစ်ဆင့် မြင်​နေရ​သော တိမ်တိုက်​လေး​တွေကို ကြည့်ကာ ကိုး တစ်​ယောက်တည်း စကား​တွေဆို​နေမိသည် ။
Emirates ​လေယာဥ်ကြီးက မွေးရပ်​ဇာတိ အမိ​မြေ သို့ တစ်​ရွေ့​ရွေ့ ချဥ်းကပ်လာ​နေသည် ။

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Kde žijí příběhy. Začni objevovat